ကိစ္စသေးသေးလေး


ကောင်ခလေးနဲ့ ကောင်မလေး ခလေးနှစ်ယောက် ကစားစရာ အတူတူကစားနေကြ တယ် ကောင်ခလေးမှာ ကျောက်ခဲလှလှလေးတွေ ရှိနေတယ် ကောင်မလေးမှာက မုန့်လေးတွေရှိနေတယ်.
ကောင်လေးက ကောင်မလေးကိုပြောတယ် .

.ကျောက်ခဲလှလှလေးတွေ အားလုံးနဲ့မုန့်နဲ့လဲမယ် တဲ့ ကောင်မလေးကသဘောတူတယ်
ကောင်လေးဟာ အကြီးဆုံးနဲ့ အလှဆုံး ကျောက်ခဲကို တိတ်တိတ်လေးယူထားလိုက်တယ် ပြီးတော့မှကျန်တဲ့ ကျောက်ခဲလေးတွေ အားလုံး ကိုကောင်မလေးကိုပေးလိုက်တယ် ကောင်မလေးကတော့သူ့ရဲ့ မုန့်လေးတွေကို ဂတိအတိုင်း ကောင်လေးကို အကုန်ပေးပစ်လိုက်တယ်

အဲ့ဒီနောက် နှစ်ယောက်သားလမ်းခွဲ ပြီး အိမ်ပြန်ရောက်တဲ့ အခါ ကောင်မလေးဟာ အပူအပင် ကင်းစွာနဲ့အိပ်ပျော် ခဲ့တယ် တစ်ချိန်ထဲမှာကောင်ခလေးကတော့အိပ်မပျော်နိုင်တော့ပဲ ကောင်မလေးများသူ့လိုမျိုး မုန့်အကောင်းဆုံးကိုဖွက်ထားလေမလားလို့သံသယတွေ ဝင်နေတော့တယ် ..

ဒီအကြောင်းအရာသေးသေးလေးက ကွန်တော်တို့ ကိုပြောပြတာကတော့
ဆက်ဆံရေးမှာသင့်ဖက်က ၁၀၀% မပေးခဲ့ယင် တစ်ခြားတစ်ဖက်ကလည်းသင့်ကို ၁၀၀% များမရှိပဲနေမလားလို့စိုးရိမ် ကြောင်းကျနေရပါလိမ့်မယ် …

ဒီအရာဟာ ဆက်ဆံမှု့တိုင်းမှာ သက်ဆိုင်နေပါတယ် အချစ်ရေး,သူငယ်ချင်း,အလုပ်ရှင်,အလုပ်သမား နဲ့တစ်ခြားလူမှု့ဆက်ဆံရေးတွေ မှာလည်း အတူတူပဲ ဖြစ်ပါတော့တယ် ခင်ဗျာ

Credit: မင်္ဂလာပါသူဌေးမင်းကြီး

မှတ်ချက်များ