အသေခံဗုံးခွဲသူကို လူချင်းတိုက်ကာ တားဆီးပြီး အသက်ပေါင်းများစွာ ကယ် တင်ခဲ့တဲ့ လက်ဘနွန်က အဒဲလ်




အဒဲလ်ဆိုတဲ့ လက်ဘနွန်နိုင်ငံသားတစ်ယောက်ဟာ ပြီးခဲ့တဲ့သောကြာနေ့က မြို့တော်ဘေရွတ်မှာဖြစ်ပွားခဲ့တဲ့ အသေခံဗုံးခွဲမှုတစ်ခုမှာ သူ့အသက်ကို ရင်းပြီး လူဒါဇင်ပေါင်းများစွာ၊ ရာပေါင်းများစွာရဲ့အသက်ကို ရဲရဲဝံ့ဝံ့ကယ်တင်ခဲ့ပါတယ်။

သူဟာ ပထမဗုံးပေါက်ကွဲချိန်မှာ သူ့သမီးနဲ့အတူရှိနေတာဖြစ်ပြီး အခင်းဖြစ်နေရာကို လူတွေအုံနေတဲ့အချိန် ဒုတိယမြောက်အသေခံဗုံးခွဲသမားက လူအုပ်နားချဉ်းကပ်လာတာကို သတိထားမိခဲ့ပါတယ်။

အဲဒီအချိန်လေးအတွင်းမှာ သူဟာ အကြမ်းဖက်သမားဆီအမြန်ပြေးသွားပြီး လူချင်းတိုက်ပစ်ကာ အသေခံဗုံးခွဲသမားကိုယ်ပေါ်ကဗုံးကို ကွဲသွားစေခဲ့ပါတယ်။

အဲဒီလိုရဲဝံ့တဲ့ကာကွယ်မှုကြောင့် အဒဲလ်သေဆုံးသွားခဲ့ရပေမယ့် သူ့သမီးလေး သေ၊ မသေဆိုတဲ့သတင်းတွေကတော့ အတိအကျထွက်မလာသေးပါဘူး။

ညီမင်းဟန်(ဆန္ဒကူး)

မှတ်ချက်များ