ဗကသ(ဥက္ကဋ္ဌ) ကိုကျော်ကိုကို တို့၏ ကမာရွတ် တရားရုံးထုတ်တွင် သမ္မတကြီးအားစော်ကားမုဖြင့် အမှုဖွင့်ခံထားရသည့် ကဗျာဆရာ မောင်ဆောင်းခအား ရဲတပ်ဖွဲ့ကထိန်းသိမ်းသွားကြောင်း သိရသည်။
နိုဝင်ဘာ ၅ ရက်က ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် တရားရုံးတွင်လှည်းတန်းဆန္ဒပြမှုဖြင့် တရားစွဲခံရသည့် ကိုကျော်ကိုကို၊ ဗကသကျောင်းသားများနှင့် ၀န်းရံပြည်သူများ ရုံးထုတ်တွင် ဖမ်းဆီးထိန်းသိမ်း ခံလိုက်ရခြင်းဖြစ်သည်။
အဆိုပါ ဖမ်းဆီးခြင်းကို မျက်မြင်တစ်ဦးဖြစ်သည့် ဗကသကျောင်းသူတစ်ဦးက“ကိုဆောင်းခကို လူနှစ်
ယောက်က ညှပ်ပြီး တရားရုံးက ဆွဲခေါ်လာတာ တွေ့ရတယ်။အဲဒါနဲ့လိုက်သွားပြီး ဘာလို့ ဖမ်းတာလဲ သွားမေးတယ်။ ဘာမှပြန်မပြောဘဲ နံပါတ်မပါတဲ့ ကားနဲ့ခေါ်ဆောင်သွားတယ်” ဟု ပြောသည်။
အဆိုပါထိန်းသိမ်းခြင်းမှာ အောက်တိုဘာလအတွင်းက ကဗျာဆရာမောင်ဆောင်းခက ယင်းကိုယ်ပိုင် ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားသည့် ကဗျာတစ်ပုဒ်အားသတင်းရှဲလ်မှုများကြောင့် သမ္မတရုံးအရာရှိ ဦးဇော်ဌေး ( ခ ) မှူးဇော်ကသိရှိပြီးတရားစွဲဆိုမည်ဖြစ်ကြောင်း မောင်ဆောင်းခအား ပြောဆိုပြီး မကြာမီ ရွေပြည်သာ
ရဲစခန်းက အီလက်ထရောနစ်ဥပဒေဖြင့် အမှုဖွင့်ထားခြင်းကြောင့် စုံစမ်းမေးမြန်းရန်အတွက် ထိန်းသိမ်းခြင်း

ဖြစ်ကြောင်း ပြောပြချက်များအရ သိရသည်။
ဖမ်းဆီးထိန်းသိမ်းခြင်းနှင့် ပတ်သက်ပြီး အနောက်ပိုင်းခရိုင်မှူး ဒုရဲမှူးကြီးကျော်ထွဋ်က “အခု ရွေပြည်သာ ရဲစခန်းကို စစ်ဆေးမေးမြန်းဖို့ ခေါ်သွားတာဖြစ်တယ်။ဒီမှာဆိုရင် ရဲထိပ်တိုက်ဖြစ်မှာ စိုးလို့ အမြန်ခေါ်ဆောင်သွားတာ ဖြစ်တယ်။လွန်ခဲ့တဲ့ လပေါင်းများစွာ ကျူးလွန်ထားသူ ရှိတယ်။ လိုအပ်ရင် ဆက်သွယ်ဖို့ပြောတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး ဒီလိုဖမ်းပြီးတော့ စစ်ဆေးတာဖြစ်တယ်” ဟုမီဒီယာများ မေးမြန်းချက်အား ပြန်လည်

ဖြေကြားခဲ့သည်။
သတင်း - စိုင်းဟန် / The Ladies News Journal

မှတ်ချက်များ