ရွေးကောက်ပွဲ အနိုင်ရ တာမိုးညဲ လွှတ်တော်ကိုယ်စားလှယ် သေနတ်အပစ်ခံရ
ရှမ်းပြည်မြောက်ပိုင်း တာမိုးညဲ မြို့နယ်မှ ရွေးကောက်ပွဲ အနိုင်ရ ပြည် ထောင်စု ကြံ့ ခိုင် ရေး နှင့် ဖွံ့ ဖြိုး ရေး ပါ တီ မှ လွှတ်တော် ကိုယ် စား လှယ် ဦး မြင့် လွင် သည် ယ နေ့နေ့ လည်ပိုင်းက တာမိုးညဲမှ ရန်ကုန်သို့ အသွား တာမိုးညဲနှင့် ၇မိုင်အကွာ ပထမရင်ခွဲတောင်ခြေအကွေ့တွင် ချောင်းမြောင်းပစ်ခတ်ခံရကြောင်း တာမိုးညဲ မြို့ခံတဦး၏ ပြောဆိုချက်အရသိရသည်။
ထိုပစ်ခတ်မှု၌ ဦး မြင့် လွင် မှာ ထိ ခိုက် မှု မ ရှိ သော် လဲ ၊ လုံ ခြုံ ရေး လိုက် ပါ ပို့ ဆောင် သော ပြည် သူ စစ် နှစ် ဦး မှာ အောက် ပိုင်းတွင် သေ နတ် ဒဏ် ရာ များ ရ ရှိ ခဲ့ သည်။
ယခုပစ်ခတ်မှုတွင် မည်သည့်အဖွဲ့အစည်းမှ ပစ်ခတ်သည်ဆိုသည်ကိုမူ မသိရရှိရပေ။
ယခုရွေးကောက်ပွဲတွင် တာ မိုး ညဲ၌ ရွေး ကောက် ပွဲ တွင် NLD ပါ တီ၊SNLD ပါ တီ နှင် တအာင်း (ပ လောင် ) ပါ တီ တို့ ၀င် ရောက် ယှဉ် ပြိုင် ခဲ့ ကြ သည်။
ဧရာဝတီ




မှတ်ချက်များ