ခါးပတ်ကနေ ဖုန်းအားသွင်းနိုင်မယ့် နည်းပညာ


စမတ်ဖုန်းတွေဆိုတာ ဘက္ထရီအား အမြဲကုန်လပ်တတ်ပြီး အဆင်ပြေလွယ်ကူတဲ့ နည်းလမ်းတွေ အဆက်မပြတ် ထွက်ပေါ်လျက်ရှိနေပါတယ်။

သို့သော် တီထွင်ကြံဆတတ်သော ကုမ္ပဏီတစ်ခုမှ ဖုန်းကို အားဖြည့်ပေးမယ့် အဆင်ပြေလွယ်ကူတဲ့ နည်းလမ်းတစ်ခု ရလာခဲ့ပါတယ်။

အဆိုပါ ION Belt ဟာ 3000mAh စွမ်းဆောင်အားရှိ အသေတပ်ဆင်ထားတဲ့ အဆင့်မြင့်သားရေ ခါးပတ်တစ်ခု ဖြစ်ပါတယ်။

iPhone 6s မှာပါရှိတဲ့ 1715mAh ဘက္ထရီကို အချိန်အနည်းငယ်အတွင်း အားအပြည့်ဖြည့်ပေးနိုင်ဖို့ လုံလောက်ပြီး နောက်ထပ်ဖြည့်စရာ စွမ်းအင်များစွာကျန်ရှိပါ သေးတယ်။

ခါးပတ်ထိပ်လေးမှာ စမတ်ဖုန်းနဲ့ ပလတ်ခေါင်းထိုးဖို့ USB port အသေးလေးတစ်ခုပါရှိပြီး ဘက္ထရီအချက်ပြတစ်ခုအနေနဲ့ ဆောင်ရွက်နိုင်တဲ့ လက်ကိုင် LED မီးတချို့တောင် ပါရှိပါတယ်။

ထုံးစံအတိုင်း Lithium ion ဘက္ထရီတွေရဲ့မီးလောင်တတ်မှုကို ထည့်သွင်းစဉ်းစားကာ ဘေးကင်းလုံခြုံမှုကိုလည်း အထူးသတိထားဆောင်ရွက်ထားပါတယ်။

ဒီနည်းပညာမှာ ဘက္ထရီနဲ့ အပြင်ဘက်နှစ်ခုကြား တသီးတခြားရှိတဲ့ စတေးပြားနှစ်ပြားနဲ့ ဖန်တီးထားတာမို့ ခါးပတ်ပတ်ရတာ အနှောင့်အယှက်မှမရှိဘဲ စိတ်အေးလက်အေးဖြစ်စေမှာ ဖြစ်ကြောင်းသိရပါတယ်။

Victor.PaaTung - Trend Myanmar

မှတ်ချက်များ