ငွေကျပ် ၁၇ သိန်း ပေးဆပ်ရန်ရှိသဖြင့် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့ မြို့မအရှေ့ရပ်ကွက် ထန်းတပင်(၂)လမ်းနေ ဦးသန်းတင့် (၄၉ နှစ်) အပ်ချုပ်စက်ပြင်သူသည် နိုဝင်ဘာ ၁၃ ရက် ညနေ ၆ နာရီ ၄၅ မိနစ်ခန့်က ကြိုးဆွဲချသေဆုံးကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဦးသန်းတင့် ပန်းကမ္ဘာစတိုးနေအိမ်ခြံဝင်းအတွင်းရှိ အပ်ချုပ် စက်ပြင်ခန်း၏ အနောက်ဘက် ၁၂ ပေခန့်မြင့်သော သွပ်မြားတန်းမှ ၁ဝ ပေခန့်ရှည်သော အဝါပလတ်စတစ်ကြိုးဖြင့် ကြိုးဆွဲချသေဆုံးနေသည်ကို သားဖြစ်သူ ဟိန်းထက်အောင် (၂၄ နှစ်)က တွေ့ရှိ၍ ဖြူးဆေးရုံသို့ပို့အပ်ခဲ့ ကြောင်း ဦးသန်းတင့်မှာ ပန်းကမ္ဘာစတိုးဆိုင်ပိုင်ရှင် ဦးကျော်လတ် (၅၁ နှစ်)ကို ငွေကျပ် ၁၇ သိန်းပေးဆပ်ရန်ရှိ၍ မိမိကိုယ်ကိုယ်သေချင်သည်ဟု အမြဲပြောလေ့ရှိကြောင်း ၄င်း၏ဇနီး ဒေါ်သန်းသန်းနိုင်က ပြောပြသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဖြူးမြို့မရဲစခန်းက အမှုဖွင့်ဆောင်ရွက်ထား ကြောင်းသိရသည်။
ဖြူး-မြင့်ဦး / Myanmaalinn

မှတ်ချက်များ