ဟောင်ကောင်မှာ ဘောင်းဘီမပါဘဲ လျှောက်သွားခဲ့ပေမယ့် ဘယ်သူမှ သတိမထားမိခဲ့တဲ့ မော်ဒယ်တစ်ယောက်










ဟောင်ကောင်မှာ မော်ဒယ်တစ်ယောက်ဟာ တီရှပ်၊ ရွှေရောင်ကျောပိုးအိတ်နဲ့ ဖိနပ်တစ်စုံသာ ဆင်မြန်းပြီး လျှောက်သွားခဲ့ပေမယ့် လမ်းပေါ်ကလူတွေကတော့ သူ့ကို တစ်စက်ကလေးမှ သာမန်ထက်ပိုတဲ့ သတိထားမှုမျိုး မရှိခဲ့ပါဘူး။

ဆံပင်ရွှေရောင်နဲ့မော်ဒယ်မိန်းကလေးဟာ ခါးအောက်ပိုင်းဗလာကျင်းဖြစ်ပေမယ့် ကိုယ်ကျပ်ဂျင်းဘောင်းဘီ ၀တ်ဆင်ထားသလို ဆေးရောင်ခြယ်ထားခဲ့ပါတယ်။

ရှောပင်းစင်တာတွေ၊ စက်လှေကားတွေ၊ လူရှုပ်တဲ့လမ်းမကြီးတွေမှာ သူသွားနေတာကို ဗီဒီယိုရိုက်မှတ်တမ်းတင်ခဲ့ပြီး သူ့တီရှပ်မှာလည်း "No pants are the best pants"ဆိုတဲ့ စာသားပါပေမယ့် ကျောပိုးအိတ်နဲ့တော့ ကွယ်နေခဲ့ပါတယ်။

သူ့ကိုယ်ပေါ်မှာ ဂျင်းဘောင်းဘီပုံစံ ဆေးခြယ်ပေးခဲ့တာကတော့ ဆန်ဒရာဘက်ကာဆိုတဲ့ ပညာရှင်တစ်ဦးဖြစ်ပြီး ဘောင်းဘီတကယ်ဝတ်ထားသလို ပီပြင်အောင် ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ခြွင်းချက်တစ်ခုကတော့ ရထားလက်မှတ် ၀ယ်တဲ့အချိန်မှာ အမျိုးသားတစ်ဦးက ၂ ခါပြန်ကြည့်ပြီး ဘောင်းဘီတကယ်ပါရဲ့လားဆိုတာ အတွေးဝင်သွားတာတော့ ရှိပါတယ်။

ညီမင်းဟန်(ဆန္ဒကူး)

မှတ်ချက်များ