သေဒဏ်ကျအကျဉ်းသားတွေကို မိကျောင်းနဲ့ စောင့်ကြပ်စေမယ့် အင်ဒိုနီးရှား
အင်ဒိုနီးရှား မူးယစ်တိုက်ဖျက်ရေးအေဂျင်စီဟာ သေဒဏ်ကျအကျဉ်းသားတွေ ထွက်မပြေးနိုင်အောင်လို့ ထူးဆန်းတဲ့အစီအစဉ်တစ်ခု ချမှတ်လိုက်ပြီး အဲဒါကတော့ အစောင့်အဖြစ် မိကျောင်းတွေ ချထားဖို့ပါပဲ။
အင်ဒိုနီးရှား မူးယစ်တိုက်ဖျက်ရေးက ဘူဒီဝါဆီဆိုက မိကျောင်းတွေဟာ လာဘ်ပေးလို့မရဘူးလို့ဆိုပြီး "မိကျောင်းတွေကို အကျဉ်းသားတွေက စည်းရုံးလို့မရနိုင်ဘူး"လို့ ရှင်းပြခဲ့ပါတယ်။
အခုအချိန်မှာတော့ ၀ါဆီဆိုဟာ အင်ဒိုနီးရှားနိုင်ငံတစ်ဝှမ်းမှာ အစောင့်တာဝန်ထမ်းဆောင်မယ့် မိကျောင်းတွေကို စတင်ရှာဖွေနေပါပြီ။
အင်ဒိုနီးရှားဟာ ကမ္ဘာပေါ်မှာ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး အရေးယူမှုပြင်းထန်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်သလို မူးယစ်ဆေးရောင်းချသူတွေကိုလည်း သေနတ်နဲ့ပစ်ပြီး သေဒဏ်ပေးလေ့ရှိပါတယ်။
အင်ဒိုနီးရှားရဲ့အကျဉ်းထောင်စနစ်ဟာ ခြစားမှုတွေရှိနေတဲ့အတွက် မူးယစ်တိုက်ဖျက်မှုအေဂျင်စီက မိကျောင်းတွေကို အစောင့်အဖြစ်ထားဖို့ တရားရေးအေဂျင်စီကို ညှိနှိုင်းဆွေးနွေးခဲ့တာပါ။
ညီမင်းဟန်(ဆန္ဒကူး)

မှတ်ချက်များ