ဇနီးမောင်နှံ ၂ ဦးပဲနေတဲ့ စပိန်ရွာလေးတစ်ရွာ









၁၉၃၆ ခုနှစ် စပိန်ပြည်တွင်းစစ်အပြီးမှာ ကျေးလက်ကလူတွေဟာ မြို့ကြီးတွေကို အလုပ်လုပ်ဖို့ ထွက်ခွာသွားကြလို့ လူသူတိတ်ဆိတ်သွားတဲ့ ရွာတွေထဲက စပိန်ရွာလေးတစ်ရွာမှာတော့ ဟွမ်မာတင်နဲ့ ဆမ်ဖရိုဆာကိုလိုမာဆိုတဲ့ ဇနီးမောင်နှံ ၂ ယောက်တည်းကျန်ခဲ့ပြီး အဲဒီရွာမှာပဲ သူတို့ဆက်နေခဲ့တာ နှစ်ပေါင်း ၄၅ နှစ် ရှိခဲ့ပါပြီ။

အမျိုးသားက ၇၉ နှစ် အမျိုးသမီးက ၈၂ နှစ်ရှိပြီဖြစ်တဲ့ ဒီဇနီးမောင်နှံဟာ တစ်ချိန်တုန်းက လူဦးရေ ၂၀၀ ရှိခဲ့တဲ့ ရွာလေးမှာ ကြောင်တွေ ခွေးတွေကိုသာ အဖော်လုပ်ပြီး ဆက်နေထိုင်နေကြပါတယ်။

ဗလင်စီယာမြို့နဲ့ မိုင် ၁၀၀ လောက်ဝေးတဲ့ ဒီရွာလေးမှာ နေထိုင်တဲ့ သူတို့အကြောင်းကို ဟွမ်မာတင်က ပြန်ပြောပြတာကတော့ သူ့ဇနီးက ဒီရွာမှာ မွေးဖွားခဲ့တာဖြစ်ပြီး ဒီရွာကနေ ထွက်သွားလိုစိတ်မရှိတာကြောင့် အခုလိုဆက်နေတာဖြစ်ပေမယ့် သူ့သဘောနဲ့ သူဆိုရင် ထွက်သွားဖြစ်မှာပါလို့ ဆိုသလို အခုအချိန်မှာတော့ ဇနီးသည်ကို တစ်ယောက်တည်း မထားခဲ့နိုင်ဘူးလို့ ပြောပြပါတယ်။

သူတို့နေတဲ့ ဒီရွာလေးဟာ တစ်ချိန်ကတော့ မြို့တော်ဝန်၊ ရဲတပ်ဖွဲ့၊ ဘုန်းတော်ကြီး၊ ကျောင်းဆရာ ဆရာမတွေ ရှိခဲ့တဲ့ မြို့လေးတစ်မြို့ဖြစ်ပြီး လက်ရှိ ဇနီးမောင်နှံ ၂ ဦးတည်းနေတဲ့ အဖြစ်အပျက်တွေအကြောင်းကို Jungles in Paris ဆိုတဲ့ ရုပ်ရှင်ဇာတ်လမ်းတိုလေးမှာ အသေးစိတ် ရိုက်ကူးပုံဖော်ပြထားပါတယ်။

ညီမင်းဟန်(ဆန္ဒကူး)

မှတ်ချက်များ