ဘောလုံးပွဲကြေညာရင်း အိပ်ပျော်ပြီး ပရိသတ်တွေကို ဟောက်သံကြားစေခဲ့သူ


ဘောလုံးပွဲကြေညာသူတစ်ယောက်ဟာ ပွဲချိန်အတွင်းမှာ အိပ်ပျော်သွားပြီး တိုက်ရိုက်ထုတ်လွှင့်နေတဲ့ ဘောလုံးပွဲအစီအစဉ်ကနေ သူ့ဟောက်ခံကိုတောင် ကြားခဲ့ရတဲ့အဖြစ်အပျက်တစ်ခု ဒီတစ်ပတ်ထဲမှာ ဖြစ်ပွားခဲ့ပါတယ်။

တရုတ်နိုင်ငံက ဒေါင်လုဆိုတဲ့ ၀ါရင့်ဘောလုံးပွဲကြေညာသူဟာ LeTV အတွက် ရီးရဲလ်နဲ့ ပီအက်စ်ဂျီတို့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို ဝေဖန်ကြေညာသူအဖြစ်တင်ဆက်ခဲ့ပေမယ့် အဲဒီပွဲရဲ့ ပွဲချိန် ၇၉ မိနစ်အရောက်မှာ ရုပ်သံကြည့်နေသူတွေအားလုံးက သူ့ရဲ့ဟောက်သံကို ကြားခဲ့ရတာကြောင့် တရုတ်နိုင်ငံက ဘောလုံးပွဲကြည့် ရုပ်သံပရိသတ်တွေအတွက် ရယ်စရာဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ LeTV ကတော့ ဒီအဖြစ်ကို ပေါ့ပေါ့တန်တန်သဘောမထားဘဲ ပွဲအစီအစဉ်ကြေညာသူအဖြစ် နှစ် ၂၀ အတွေ့အကြုံရှိတဲ့သူ့ကို သိပ်မကြာခင်မှာပဲ အလုပ်က ထုတ်ပယ်ခဲ့ပါတယ်။

ညီမင်းဟန်(ဆန္ဒကူး)

မှတ်ချက်များ