ကလေးမွေးခါနီးမှ ကိုယ်ဝန်ရှိနေမှန်းသိခဲ့တဲ့ အမျိုးသမီး
အသက် ၄၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ ကလေးမွေးခါနီးမှ သူ့မှာကိုယ်ဝန်ရှိနေတယ်ဆိုတာကို သိခဲ့တဲ့အဖြစ်အပျက်တစ်ခု အမေရိကန်မှာဖြစ်ပွားခဲ့ပါတယ်။
မက်ဆာချူးဆက်ပြည်နယ်က ဂျူဒီဘရောင်းဟာ ဗိုက်အရမ်းနာလို့ ဆေးရုံတင်ခဲ့ရတဲ့အချိန်မှာ ဆရာဝန်တွေက သူ့ကို "သတင်းကောင်းပါပဲ။ အခက်အခဲမရှိပါဘူး။ ကိုယ်ဝန်ရှိနေတာပါ။ အခုမွေးတော့မယ်"လို့ ပြောခဲ့ပြီး ၁ နာရီအကြာမှာတော့ ၈ ပေါင်ရှိတဲ့ သမီးလေး ကယ်ရိုလိုင်းရို့စ်ကို မွေးဖွားခဲ့ပါတယ်။
ဂျူဒီနဲ့ ခင်ပွန်း ဂျေဆင်တို့ဟာ အိမ်ထောင်သက် ၂၂ နှစ်ရှိပြီး အခုမှရင်သွေးရတာဖြစ်သလို ဂျူဒီဟာ သူ့ခန္ဓာကိုယ်အပြောင်းအလဲဖြစ်လာတာကို သိခဲ့ပေမယ့် အသက်ကြီးလာလို့ အဲဒီလိုထင်တာလို့ပဲ ကောက်ချက်ဆွဲခဲ့တာကြောင့် ကလေးမွေးခါနီးမှသာ ကိုယ်ဝန်ရှိနေမှန်း သိခဲ့တာလို့ ဆိုပါတယ်။
ညီမင်းဟန်(ဆန္ဒကူး)

မှတ်ချက်များ