ကယက်လှေမှာ ခွေး ၂ ကောင်အတွက်ပါ နေရာစီစဉ်တည်ဆောက်ခဲ့သူ
တစ်ယောက်တည်း ကယက်လှေလှော်ရတာက နည်းနည်းပျင်းဖို့ကောင်းတယ်လို့ယူဆတဲ့ ဒေးဗစ်ဘန်ဆန်ဆိုတဲ့ အမျိုးသားကြီးဟာ သူ့ရဲ့ကိုယ်ပိုင်ကယက်လှေကို အဆင့်မြှင့်ပြီး သူ့မိတ်ဆွေ ခြေ ၄ ချောင်း သတ္တ၀ါတွေအတွက် နေရာစီစဉ်ခဲ့ပါတယ်။
အခုဖော်ပြထားတဲ့ပုံတွေမှာပါတဲ့အတိုင်း ဒေးဗစ်ဘန်ဆန်ဟာ သူ့ရဲ့ Golden Retriever ၂ ကောင်အတွက် အထူးနေရာစီစဉ်ပေးထားပြီး ယယက်လှေခရီးကို အထီးမကျန်ဘဲ လှော်ခတ်နိုင်ခဲ့ပါတယ်။
"ကျွန်တော်တို့ ခွေးတွေက ကားတွေ၊ ကျွန်တော့်လေယာဉ်၊ လှေ ဘာနဲ့ဖြစ်ဖြစ် အတူလိုက်ချင်ကြတယ်။ သူတို့ပါ လိုက်စီးလို့ရမယ့် ကယက်လှေကို ဆောက်ရတာကတော့ ပျော်စရာကောင်းတာပေါ့ဗျာ"လို့ ဒေးဗစ်ဘန်ဆန်က ဆိုပါတယ်။
အခုဖော်ပြထားတဲ့ပုံတွေမှာပါတဲ့ ခွေးတွေဟာ သေဆုံးသွားပြီဖြစ်ပေမယ့် ဒေးဗစ်ဘန်ဆန်တို့ ဇနီးမောင်နှံကတော့ ထပ်မွေးထားတဲ့ခွေးတွေနဲ့အတူ အဲဒီဓလေ့ကို ထိန်းသိမ်းထားဆဲလို့ သိရပါတယ်။
ညီမင်းဟန်(ဆန္ဒကူး)



မှတ်ချက်များ