အသက် ၉၇ နှစ်မှာ အထက်တန်းပြီးဆုံးခဲ့သူ အမျိုးသမီး





အသက် ၉၇ နှစ်အရွယ်ရှိတဲ့ အမျိုးသမီးကြီးတစ်ဦးဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၈ ခုက မိသားစုကို ကူညီဖို့အတွက် စွန့်လွှတ်ခဲ့ရတဲ့ အထက်တန်းပညာရေးကို ပြန်လည်သင်ယူပြီးတဲ့နောက်မှာ အမေရိကန်နိုင်ငံ၊ မီချီဂန်ပြည်နယ် အထက်တန်းကျောင်းကနေ အောင်လက်မှတ်ရခဲ့တယ်လို့ သိရပါတယ်။

မာဂရက်ဘက်ကီမာလို့ အမည်ရတဲ့ ဒီအမျိုးသမီးကြီးဟာ သူ့ဘ၀ရဲ့ကာလရှည်ရည်မှန်းချက်အောင်မြင်မှုကို မိတ်ဆွေတွေ၊ မိသားစုတွေရှေ့မှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က လက်ခံရယူခဲ့တာပါ။

မီချီဂန်ပြည်နယ် ဂရန်းရက်ပစ်က ကက်သလစ်စင်ထရယ်အထက်တန်းကျောင်း တာဝန်ရှိသူတွေဟာ သူ့ကို အထက်တန်းအောင်မြင်ပြီးဆုံးကြောင်း ဂုဏ်ပြုလက်မှတ်ပေးအပ်ခံခဲ့ရတဲ့ ဘက်ကီမာဟာ ၁၉၃၆ ခုနှစ်ကတည်းက အထက်တန်းပြီးဆုံးအောင်မြင်မှာဖြစ်ပေမယ့် ကင်ဆာရောဂါသည်အမေကြောင့် အဲဒီအချိန်တုန်းက လူလားမမြောက်သေးတဲ့ သူ့ထက်အငယ်မောင်နှမတွေကို စောင့်ရှောက်ဖို့ အထက်တန်းပထမနှစ်မှာပဲ ကျောင်းကထွက်ခဲ့ရပါတယ်။

အသက် ၁၇ နှစ်နဲ့ ကျောင်းထွက်ခဲ့ရတာက သူ့အတွက် ရင်ကွဲစရာအနေအထားဖြစ်ခဲ့တယ်လို့ဆိုပြီး အခုလိုအသိအမှတ်ပြုခံရတာကိုတော့ ၀မ်းသာတယ်လို့ ဘက်ကီမာက ပြောကြားခဲ့ပါတယ်။

ညီမင်းဟန်(ဆန္ဒကူး)

မှတ်ချက်များ