သူဟာ သင့္ရဲ ႔အေပၚယံရုပ္ရည္သြင္ျပင္ကုိသာ မက္ေမာတာျဖစ္ေၾကာင္းျပသေနတဲ႔အခ်က္ေတြ….


Zawgyiျဖင့္ဖတ္ရန္

့ကုိယ္အခုတြဲေနတဲ႔ခ်စ္သူရည္းစားက ကုိယ္လွလို႔ခ်စ္ေနတာလား ဒါမွမဟုတ္ ကုိယ့္စိတ္ေရာ လူေရာ တကယ္ခ်စ္တာလား?ႏွစ္ခုလံုးလွလို႔ခ်စ္တာဆုိရင္ေတာ့ သိပ္ျပီးကိစၥမရွိပါဘူး။ဒါေပမဲ႔ အေပၚယံရုပ္အလွကုိပဲ မက္ျပီး ခ်စ္္တာဆုိရင္ေတာ့ နည္းနည္းေလးေတြးဖို႔လိုပါျပီ။ကုိယ္က အခ်စ္စစ္ကုိလိုခ်င္တာမဟုတ္လား။ဒီေတာ့ ဘယ္လိုအခ်က္္ေတြက သူကုိယ့္ရဲ႔အေပၚယံရုပ္အလွကုိသာမက္ေမာေၾကာင္းျပေနလဲ….ဆက္ျပီးဖတ္ၾကည့္လိုက္ပါဦး။

*သင့္အ၀တ္အစားေတြနဲ႔ပတ္သက္ျပီး အရမ္းစိတ္၀င္စားတယ္

သူက သင့္ကုိ အျမဲတမ္းအလွဆံုးျဖစ္ေနေစခ်င္တယ္။အဲ႔ဒါေၾကာင့္ ဘယ္လုိပံုစံေလး၀တ္၊ဘယ္လိုအက်ီမ်ိဳးေလး၀တ္ဆုိျပီး အျမဲတမ္းအၾကံေပးေနမယ္။ကုိယ့္ခ်စ္သူကိုလွေစခ်င္တာကေတာ့ ေယာက်္ားေလးတုိင္းေပါ့။ဒါေပမဲ႔ လိုအပ္တာထက္ပုိေနရင္ေတာ့လည္း ဒါၾကီးက အေတာ္ေလးစိတ္ကသိကေအာက္ျဖစ္စရာပါ။သူနဲ႔တစ္ခါေတြ႔ဖုိ႔အျပင္ထြက္တုိင္း မင္းသမီးတစ္ပါးလိုျပင္ဆင္ေနရေတာ့မွာအမွန္ပါပဲ။

*သင္ မလွမပ၀တ္လာရင္ ပြစိပြစိနဲ႔ေျပာဆုိေနမယ္

သူက ကုိယ့္ရဲ႔အေပၚယံရုပ္အလွကုိသေဘာက်တာလား။ကုိယ္မို႔လို႔သေဘာက်တာလားဆုိတာ အ၀တ္အစားဖက္ရွင္ဒီဇုိင္းေပၚသူဘယ္လိုအာရံုစိုက္လဲဆိုတာသတိထားၾကည့္ၾကည့္ပါ။တကယ္လို႔ အ၀တ္အစားၾကီးကပံုတံုးေနရင္၊ေဟာင္းေနရင္ သင့္ကုိအျပစ္တင္ျပီး ေနာက္တစ္ခါလွလွပပ၀တ္ဖုိ႔ေတာက္ေလ်ွာက္ေျပာေနတယ္ဆုိရင္ေတာ့ သူက သင့္ရဲ႔အေပၚယံရုပ္အလွကုိပဲ သေဘာက်တာေသခ်ာေနပါျပီ။ကုိယ့္ကုိခ်စ္တဲ႔သူက တကယ္တမ္းကုိယ္ဘာ၀တ္၀တ္ သူတုိ႔မ်က္စိထဲမွာလွေနမွာပါ။

*တစ္ျခားေကာင္ေလးေတြသင့္ကုိၾကည့္ရင္ ေက်နပ္ေနမယ္

သူအေခ်ာအလွေလးကုိပုိင္ဆုိင္ထားပါတယ္ေပါ့။ေက်နပ္ပီတျဖစ္ေနတာ။တကယ္တမ္း
ကုိယ့္ကုိခ်စ္တဲ႔သူက တစ္ျခားေကာင္ေလးက လာၾကည့္ရင္ တအားသ၀န္တုိတတ္ျပီး ေနာက္ဆုိ ဒီလုိလွေအာင္မ၀တ္နဲ႔ဆုိျပီးေတာင္ေျပာၾကတာပါ။ဟုတ္တယ္ဟုတ္!

*တစ္ျခားမိန္းကေလးေတြနဲ႔နိႈင္းယွဥ္မယ္

ဟုိေကာင္မေလးကုိၾကည့္စမ္း။ဘယ္လုိ၀တ္ထားလို႔ခ်စ္စရာေလး၊ဟိုမင္းသမီးလို၀တ္၊အဲ႔ဒါဆုိပုိျပီးဆြဲေဆာင္မႈရွိမွာ၊ဆံပင္ပံုေလးေျပာင္းလိုက္ပါလား ပိုလွသြားေအာင္စသျဖင့္ ႏွစ္ေယာက္အတူဆံုခ်ိန္မွာေတာင္ မရုိးနုိင္ပဲ ကုိယ့္ရဲ႔လွပမႈနဲ႔ပတ္သက္ျပီး အၾကံေပးေနမယ္။သူေျပာသလို မလုပ္ရင္စိတ္ဆုိးမယ္။အဲ႔လိုမ်ိဳးဆုိရင္ေတာ့ သင့္ခ်စ္သူက သူကုိယ္တုိင္အလွအပေရးရာကုိစိတ္၀င္စားေနတာျဖစ္ရင္ျဖစ္ မဟုတ္ရင္ သင့္ရဲ႔ အေပၚယံရုပ္အလွကုိပဲ မက္ေမာတာေၾကာင့္ အျမဲတမ္းလွေနတဲ႔ပံုုစံပဲျမင္ခ်င္ေနတာပါ။

*သင့္ရဲ႕ကုိယ္အေလးခိ်န္ကုိအျမဲဂရုစုိက္တယ္

ကုိုယ္ကသာ စားခ်င္တာစား၊ေသာက္ခ်င္တာေသာက္မယ္။သူကေတာ့ ကုိယ္၀ိတ္တက္လာမွာစုိးလုိ႔ ေဘးကတတြတ္တြတ္လိုက္တားေနမယ္။၀ိတ္တက္လာတာနဲ႔ခ်က္ခ်င္းခ်ခိုင္းမယ္။အတင္းအားကစားလုပ္ဖုိ႔တိုက္တြန္းမယ္။သင္ပိန္သြားတဲ႔အခါမွာေတာ့ သူက ေက်နပ္ေနမယ္။သင့္က်န္းမာေရးကုိေတာင္ဂရုမစုိက္ပဲ အတင္းပိန္ေအာင္လုပ္ခိုင္းေနမယ္ဆုိရင္ေတာ့ သင့္အေနနဲ႔ ဒီအခ်စ္ေရးကုိ ျပန္စဥ္းစားဖို႔လိုေနပါျပီ။

*သူ႔ဆီကအေကာင္းျမင္ခံရတဲ႔အခ်ိန္က သင္အရမ္းလွေနတဲ႔အခ်ိန္တစ္ခုပဲ

တကယ္လို႔မ်ားသင္တုိ႔ရဲ႔အခ်စ္ေရးမွာ သင့္အေပၚအေကာင္းျမင္တဲ႔အခ်ိန္က သင္အရမ္းလွေနတဲ႔အခ်ိန္ပဲျဖစ္မယ္ဆုိရင္ သင္တုိ႔ရဲ႔အခ်စ္ေရးကုိျပန္ျပီးစဥ္းစားသင့္ပါျပီ။တကယ္ဆုိ ကုိယ့္ရဲ႔သဘာ၀အလွကုိလည္း ခ်စ္တတ္ရမယ္၊ကုိယ့္ရဲ ႔စိတ္ကုိလည္းခ်စ္ရမယ္။ကုိယ့္ရဲ႔ဆႏၵကုိလည္းေလးစားရမယ္မဟုတ္လား။အဲ႔လိုမဟုတ္ပဲေၾကြရုပ္ေလးလုိလွေနခ်ိန္သာ သူက ကုိယ့္အနားမွာရွိေနခ်င္တယ္ဆုိရင္ေတာ့ ဒီအခ်စ္ေရးက ေရရွည္အဆင္ေျပဖုိ႔ ေ၀းပါတယ္။

ဒီအခ်က္ေတြနဲ႔ထပ္တူက်ေနမယ္ဆုိရင္ေတာ့ သင့္အေနနဲ႔ ဒီအခ်စ္ေရးကုိ ျပန္စဥ္းစားသင့္ပါျပီေနာ္။

Credit:trend myanmar

Unicodeဖြင့်ဖတ်ရန်

သူဟာ သင့်ရဲ့အပေါ်ယံရုပ်ရည်သွင်ပြင်ကိုသာ မက်မောတာဖြစ်ကြောင်းပြသနေတဲ့အချက်တွေ….

့ကိုယ်အခုတွဲနေတဲ့ချစ်သူရည်းစားက ကိုယ်လှလို့ချစ်နေတာလား ဒါမှမဟုတ် ကိုယ့်စိတ်ရော လူရော တကယ်ချစ်တာလား?နှစ်ခုလုံးလှလို့ချစ်တာဆိုရင်တော့ သိပ်ပြီးကိစ္စမရှိပါဘူး။ဒါပေမဲ့ အပေါ်ယံရုပ်အလှကိုပဲ မက်ပြီး ချစ်တာဆိုရင်တော့ နည်းနည်းလေးတွေးဖို့လိုပါပြီ။ကိုယ်က အချစ်စစ်ကိုလိုချင်တာမဟုတ်လား။ဒီတော့ ဘယ်လိုအချက်တွေက သူကိုယ့်ရဲ့အပေါ်ယံရုပ်အလှကိုသာမက်မောကြောင်းပြနေလဲ….ဆက်ပြီးဖတ်ကြည့်လိုက်ပါဦး။

*သင့်အဝတ်အစားတွေနဲ့ပတ်သက်ပြီး အရမ်းစိတ်ဝင်စားတယ်

သူက သင့်ကို အမြဲတမ်းအလှဆုံးဖြစ်နေစေချင်တယ်။အဲ့ဒါကြောင့် ဘယ်လိုပုံစံလေးဝတ်၊ဘယ်လိုအကျီမျိုးလေးဝတ်ဆိုပြီး အမြဲတမ်းအကြံပေးနေမယ်။ကိုယ့်ချစ်သူကိုလှစေချင်တာကတော့ ယောကျ်ားလေးတိုင်းပေါ့။ဒါပေမဲ့ လိုအပ်တာထက်ပိုနေရင်တော့လည်း ဒါကြီးက အတော်လေးစိတ်ကသိကအောက်ဖြစ်စရာပါ။သူနဲ့တစ်ခါတွေ့ဖို့အပြင်ထွက်တိုင်း မင်းသမီးတစ်ပါးလိုပြင်ဆင်နေရတော့မှာအမှန်ပါပဲ။

*သင် မလှမပဝတ်လာရင် ပွစိပွစိနဲ့ပြောဆိုနေမယ်

သူက ကိုယ့်ရဲ့အပေါ်ယံရုပ်အလှကိုသဘောကျတာလား။ကိုယ်မို့လို့သဘောကျတာလားဆိုတာ အဝတ်အစားဖက်ရှင်ဒီဇိုင်းပေါ်သူဘယ်လိုအာရုံစိုက်လဲဆိုတာသတိထားကြည့်ကြည့်ပါ။တကယ်လို့ အဝတ်အစားကြီးကပုံတုံးနေရင်၊ဟောင်းနေရင် သင့်ကိုအပြစ်တင်ပြီး နောက်တစ်ခါလှလှပပဝတ်ဖို့တောက်လျှောက်ပြောနေတယ်ဆိုရင်တော့ သူက သင့်ရဲ့အပေါ်ယံရုပ်အလှကိုပဲ သဘောကျတာသေချာနေပါပြီ။ကိုယ့်ကိုချစ်တဲ့သူက တကယ်တမ်းကိုယ်ဘာဝတ်ဝတ် သူတို့မျက်စိထဲမှာလှနေမှာပါ။

*တစ်ခြားကောင်လေးတွေသင့်ကိုကြည့်ရင် ကျေနပ်နေမယ်

သူအချောအလှလေးကိုပိုင်ဆိုင်ထားပါတယ်ပေါ့။ကျေနပ်ပီတဖြစ်နေတာ။တကယ်တမ်း
ကိုယ့်ကိုချစ်တဲ့သူက တစ်ခြားကောင်လေးက လာကြည့်ရင် တအားသဝန်တိုတတ်ပြီး နောက်ဆို ဒီလိုလှအောင်မဝတ်နဲ့ဆိုပြီးတောင်ပြောကြတာပါ။ဟုတ်တယ်ဟုတ်!

*တစ်ခြားမိန်းကလေးတွေနဲ့နှိုင်းယှဉ်မယ်

ဟိုကောင်မလေးကိုကြည့်စမ်း။ဘယ်လိုဝတ်ထားလို့ချစ်စရာလေး၊ဟိုမင်းသမီးလိုဝတ်၊အဲ့ဒါဆိုပိုပြီးဆွဲဆောင်မှုရှိမှာ၊ဆံပင်ပုံလေးပြောင်းလိုက်ပါလား ပိုလှသွားအောင်စသဖြင့် နှစ်ယောက်အတူဆုံချိန်မှာတောင် မရိုးနိုင်ပဲ ကိုယ့်ရဲ့လှပမှုနဲ့ပတ်သက်ပြီး အကြံပေးနေမယ်။သူပြောသလို မလုပ်ရင်စိတ်ဆိုးမယ်။အဲ့လိုမျိုးဆိုရင်တော့ သင့်ချစ်သူက သူကိုယ်တိုင်အလှအပရေးရာကိုစိတ်ဝင်စားနေတာဖြစ်ရင်ဖြစ် မဟုတ်ရင် သင့်ရဲ့ အပေါ်ယံရုပ်အလှကိုပဲ မက်မောတာကြောင့် အမြဲတမ်းလှနေတဲ့ပုံစံပဲမြင်ချင်နေတာပါ။

*သင့်ရဲ့ကိုယ်အလေးချိန်ကိုအမြဲဂရုစိုက်တယ်

ကိုယ်ကသာ စားချင်တာစား၊သောက်ချင်တာသောက်မယ်။သူကတော့ ကိုယ်ဝိတ်တက်လာမှာစိုးလို့ ဘေးကတတွတ်တွတ်လိုက်တားနေမယ်။ဝိတ်တက်လာတာနဲ့ချက်ချင်းချခိုင်းမယ်။အတင်းအားကစားလုပ်ဖို့တိုက်တွန်းမယ်။သင်ပိန်သွားတဲ့အခါမှာတော့ သူက ကျေနပ်နေမယ်။သင့်ကျန်းမာရေးကိုတောင်ဂရုမစိုက်ပဲ အတင်းပိန်အောင်လုပ်ခိုင်းနေမယ်ဆိုရင်တော့ သင့်အနေနဲ့ ဒီအချစ်ရေးကို ပြန်စဉ်းစားဖို့လိုနေပါပြီ။

*သူ့ဆီကအကောင်းမြင်ခံရတဲ့အချိန်က သင်အရမ်းလှနေတဲ့အချိန်တစ်ခုပဲ

တကယ်လို့များသင်တို့ရဲ့အချစ်ရေးမှာ သင့်အပေါ်အကောင်းမြင်တဲ့အချိန်က သင်အရမ်းလှနေတဲ့အချိန်ပဲဖြစ်မယ်ဆိုရင် သင်တို့ရဲ့အချစ်ရေးကိုပြန်ပြီးစဉ်းစားသင့်ပါပြီ။တကယ်ဆို ကိုယ့်ရဲ့သဘာဝအလှကိုလည်း ချစ်တတ်ရမယ်၊ကိုယ့်ရဲ့စိတ်ကိုလည်းချစ်ရမယ်။ကိုယ့်ရဲ့ဆန္ဒကိုလည်းလေးစားရမယ်မဟုတ်လား။အဲ့လိုမဟုတ်ပဲကြွေရုပ်လေးလိုလှနေချိန်သာ သူက ကိုယ့်အနားမှာရှိနေချင်တယ်ဆိုရင်တော့ ဒီအချစ်ရေးက ရေရှည်အဆင်ပြေဖို့ ဝေးပါတယ်။

ဒီအချက်တွေနဲ့ထပ်တူကျနေမယ်ဆိုရင်တော့ သင့်အနေနဲ့ ဒီအချစ်ရေးကို ပြန်စဉ်းစားသင့်ပါပြီနော်။

Credit:trend myanmar

မှတ်ချက်များ