Zawgyiျဖင့္ဖတ္ရန္
သင့္ေတာ္မွန္တဲ့ ဘရာစီယာဆုိဒ္ ေရြးဝယ္တာ လက္ေတြ႔ထက္ အေျပာက ပိုလြယ္ပါတယ္။ ေက်ာသုိင္းၾကိဳးတင္းေနခ်ိန္မွာ အေရွ႕ကခြက္ေတြ ေခ်ာင္ေနတတ္ပါတယ္။ ျပင္သစ္အမ်ဳိးသမီးအတြင္းခံ brand Chantelle ရဲ႕ ေျပာဆိုခ်က္အရ ကုိယ္နဲ႔ ကိုက္ညီတဲ့ ဘရာစီယာျဖစ္တယ္ဆုိတာ ေသခ်ာေစဖုိ႔ အသုံးျပဳႏုိင္တဲ့ နည္းလမ္းတစ္ခု ရိွတယ္လုိ႔ သိရပါတယ္။
ဘရာစီရာကို စစဝယ္ခ်င္း က်ပ္က်ပ္ေလးျဖစ္ေနသင့္ပါတယ္။ ပထမဆုံးအၾကိမ္ ဝတ္တဲ့အခ်ိန္မွာ ေနာက္ေက်ာနဲ႔ ၾကိဳးႏွစ္ခုၾကား လက္ႏွစ္လုံးစာေလာက္ အံကုိက္ျဖစ္ရပါမယ္လုိ႔ Chantelle အတြက္ တာဝန္ထမ္းေဆာင္ေနတဲ့ Nicole Kivitiz က ဆုိပါတယ္။ အဲဒီဘရာစီယာကို ထပ္မံဝတ္ဆင္ျပီးတဲ့ေနာက္မွာ ဘရာစီယာက အရင္ထက္ပိုေခ်ာင္လာပါလိမ့္မယ္။ ေနာက္ပိုင္း ဒီလုိဝတ္ဆင္ရင္း ေက်ာျပင္နဲ႔ ဘာရာစီယာၾကိဳးႏွစ္ခုၾကား လက္ႏွစ္လုံးမက ေလ်ာ့ရိေလ်ာ့ရဲျဖစ္လာတဲ့အခါ အသစ္လဲသင့္ျပီလုိ႔ နားလည္ၾကပါတယ္။
လူအမ်ား လက္ခံထားတဲ့အခ်က္နဲ႔ ဆန္႔က်င္တာက ရင္သားအိမ္ (ပံုခြက္)ထက္ ၾကိဳးကုိ အမ်ဳိးသမီးေတြ ပိုအေလးထားေပးသင့္တယ္လုိ႔ Kivitiz ရဲ႕ ေျပာဆိုခ်က္အရ သိရပါတယ္။
ဒါေပမယ့္ ေဟာ္မုန္းေျပာင္းလဲမႈေတြနဲ႔ ကိုယ္အေလးခ်ိန္အတက္အက်ေတြစတဲ့ အခ်က္ေတြေၾကာင့္ေတာ့ ရင္သားေတြဟာ ေျပာင္းလဲမႈရိွႏုိင္ပါတယ္။
Ref: GHK
Credit:trend myanmar
Unicodeဖြင့်ဖတ်ရန်
သင့်တော်မှန်ကန်တဲ့ ဘရာစီယာဆိုဒ်ရွေးချယ်တတ်ဖို့ သိသင့်တဲ့အချက်
သင့်တော်မှန်တဲ့ ဘရာစီယာဆိုဒ် ရွေးဝယ်တာ လက်တွေ့ထက် အပြောက ပိုလွယ်ပါတယ်။ ကျောသိုင်းကြိုးတင်းနေချိန်မှာ အရှေ့ကခွက်တွေ ချောင်နေတတ်ပါတယ်။ ပြင်သစ်အမျိုးသမီးအတွင်းခံ brand Chantelle ရဲ့ ပြောဆိုချက်အရ ကိုယ်နဲ့ ကိုက်ညီတဲ့ ဘရာစီယာဖြစ်တယ်ဆိုတာ သေချာစေဖို့ အသုံးပြုနိုင်တဲ့ နည်းလမ်းတစ်ခု ရှိတယ်လို့ သိရပါတယ်။
ဘရာစီရာကို စစဝယ်ချင်း ကျပ်ကျပ်လေးဖြစ်နေသင့်ပါတယ်။ ပထမဆုံးအကြိမ် ဝတ်တဲ့အချိန်မှာ နောက်ကျောနဲ့ ကြိုးနှစ်ခုကြား လက်နှစ်လုံးစာလောက် အံကိုက်ဖြစ်ရပါမယ်လို့ Chantelle အတွက် တာဝန်ထမ်းဆောင်နေတဲ့ Nicole Kivitiz က ဆိုပါတယ်။ အဲဒီဘရာစီယာကို ထပ်မံဝတ်ဆင်ပြီးတဲ့နောက်မှာ ဘရာစီယာက အရင်ထက်ပိုချောင်လာပါလိမ့်မယ်။ နောက်ပိုင်း ဒီလိုဝတ်ဆင်ရင်း ကျောပြင်နဲ့ ဘာရာစီယာကြိုးနှစ်ခုကြား လက်နှစ်လုံးမက လျော့ရိလျော့ရဲဖြစ်လာတဲ့အခါ အသစ်လဲသင့်ပြီလို့ နားလည်ကြပါတယ်။
လူအများ လက်ခံထားတဲ့အချက်နဲ့ ဆန့်ကျင်တာက ရင်သားအိမ် (ပုံခွက်)ထက် ကြိုးကို အမျိုးသမီးတွေ ပိုအလေးထားပေးသင့်တယ်လို့ Kivitiz ရဲ့ ပြောဆိုချက်အရ သိရပါတယ်။
ဒါပေမယ့် ဟော်မုန်းပြောင်းလဲမှုတွေနဲ့ ကိုယ်အလေးချိန်အတက်အကျတွေစတဲ့ အချက်တွေကြောင့်တော့ ရင်သားတွေဟာ ပြောင်းလဲမှုရှိနိုင်ပါတယ်။
Ref: GHK
Credit:trend myanmar


မှတ်ချက်များ