ဘယ္ေတာ့မွပိုက္ဆံမေလာက္တဲ့သူေတြအတြက္ လတိုင္းေငြပါစုမိသြားေစမဲ့ နည္းလမ္းမ်ား
Zawgyiျဖင့္ဖတ္ရန္
အခုေခတ္က အသံုးစရိတ္လည္း အရမ္းၾကီးတာေၾကာင့္ ကိုယ္တိုင္ကမေခြ်တာဘူးဆိုရင္ တစ္လတစ္လ၊ ၀င္ေငြနဲ႕ထြက္ေငြကမမွ်ဘဲ ပိုက္ဆံပိုတယ္လို႕ကိုမရွိနိုင္ေတာ့ပါဘူး။ တကယ္ေတာ့ ပိုက္ဆံသံုးတဲ့အခါ အလြန္အကြ်ံေခြ်တာေနစရာမလိုပါဘူး။ အစီအစဥ္တက်ေလးသံုးတတ္ရင္ကို အကုန္အက်ကေတာ္ေတာ္သက္သာသြားတာမ်ိဳးပါ။ ဒါေၾကာင့္ လက္ရွိသံုးေနက်အသံုးစရိတ္ေတြကို အခုေဖာ္ျပမယ့္နည္းေလးေတြအတိုင္းေသခ်ာစိစစ္ျပီး သံုးမယ္ဆိုရင္ ပိုက္ဆံမေလာက္ဘူးဆိုတာမ်ိဳးလည္းမရွိေတာ့သလို၊ စုထားလို႕ရတဲ့အေနအထားမ်ိဳးျဖစ္လာပါလိမ့္မယ္။
(၁) ပံုေသကုန္က်စရိတ္စာရင္းလုပ္ပါ
လတစ္လမွာ အေျခခံအသံုးအေဆာင္ေတြရဲ႕ ပံုေသကုန္က်စရိတ္ဆိုတာရွိပါတယ္။ အဲ့ဒီကုန္က်စရိတ္ကိုတြက္ခ်က္ျပီး စာရင္းလုပ္ထားျပီး ပံုမွန္အသံုးအေဆာင္ ပစၥည္းေတြအတြက္ သံုးမယ့္ေငြပမာဏကို ပ်မ္းမွ်သတ္မွတ္ထားပါ။ ျပီးရင္ အဲ့ဒီပမာဏထက္ပို မသံုးမိေအာင္ေနပါ။
(၂) အပိုကုန္က်စရိတ္ကိုသတ္မွတ္ပါ
အပိုကုန္က်စရိတ္ဆိုတာ ကိုယ္လိုခ်င္တဲ့ပစၥည္းေတြ၊အက်ၤီအ၀တ္အစားေတြ၀ယ္တာနဲ႕ သူငယ္ခ်င္းေတြနဲ႕ေလွ်ာက္လည္တာ၊ရုပ္ရွင္ၾကည့္တာ၊ေကာ္ဖီဆိုင္ထိုင္တာ စတာေတြအတြက္ တစ္လစာဘယ္ေလာက္သံုးမယ္ဆိုတာသတ္မွတ္ပါ။ ျပီးရင္ သတ္မွတ္ပမာဏထက္ေက်ာ္ျပီး မသံုးဖို႕ ကိုယ့္ကိုယ္ကို စည္းကမ္းသတ္မွတ္ထားလိုက္ပါ။ ဒီအပိုကုန္က်စရိတ္က အခုလိုမသတ္မွတ္ထားရင္ သင့္ရဲ႕ပိုက္ဆံေတြဒလေဟာကုန္္ေစတဲ့ အဓိကတရားခံပါ။
(၃) အလုပ္ကိုေန႕လည္စာထမင္းဗူးထည့္ပါ
အလုပ္ကိုေန႕လည္စာထမင္းဘူးထည့္သြားတာက အကုန္အက်သက္သာေစပါတယ္။ ထမင္းဗူးထည့္ဖို႕အတြက္ ေစ်း၀ယ္တဲ့အခါ တစ္ရက္စာဘယ္ေလာက္သံုးမယ္၊ တစ္ပတ္စာဆိုဘယ္ေလာက္ စသျဖင့္ အၾကမ္းဖ်င္းတြက္ထားပါ။ ဒါဆို ေန႕စဥ္အသံုးစရိတ္နဲ႕ပတ္သက္လို႕ ေတာ္ေတာ္ေလး အစီအစဥ္တက်ျဖစ္ေနပါျပီ။
(၄) ၾကြား၀ါခ်င္စိတ္မထားပါနဲ႕
အရည္အေသြးေကာင္းတဲ့ ပစၥည္းေတြ ၀ယ္တာေကာင္းပါတယ္။ ဒါေပမယ့္ ၾကြား၀ါခ်င္စိတ္နဲ႕ ေစ်းအရမ္းၾကီးတဲ့ပစၥည္းေတြ၀ယ္သံုးတာမ်ိဳး၊ ေစ်းၾကီးတဲ့ဆိုင္ေတြမွာမၾကာမၾကာသြားစားတာမ်ိဳးကိုတတ္နိုင္သေလာက္ေလွ်ာ့ပါ။
(၅) ၾကိဳတင္တြက္ခ်က္တဲ့ နည္းလမ္းသံုးပါ
တစ္ေနရာရာသြားတာပဲျဖစ္ျဖစ္၊ ေစ်း၀ယ္ထြက္တာပဲျဖစ္ျဖစ္ မသြားခင္ကိုယ္သံုးမယ့္ေငြပမာဏကို ၾကိဳတင္တြက္ခ်က္တဲ့အက်င့္ေလးလုပ္ပါ။ တကယ္သြားရင္လည္း ကိုယ္တြက္ထားတဲ့ပမာဏနဲ႕ အရမ္းကြာေအာင္မသံုးမိေအာင္ သတိထားလိုက္ပါ။ ဒီလိုုလုပ္တာက ေငြပိုမကုန္ေအာင္ေခြ်တာရာမွာ တကယ္ထိေရာက္တဲ့နည္းလမ္းပါ။
(၆) ေငြ၀င္မယ့္နည္းလမ္းေတြစဥ္းစားပါ
လူတစ္ေယာက္ကေကာင္းတဲ့အေတြးေတြ အေတြးမ်ားရင္ မေကာင္းတဲ့အေတြးေတြကအားေပ်ာ့သြားတတ္ပါတယ္။ အဲ့ဒီလိုပဲ ေငြထြက္မယ့္လမ္းေတြပဲစဥ္းစားေနရင္ ကိုယ္ကေငြထြက္ေအာင္ပဲလုပ္မိေနေတာ့မွာမို႕ ေငြ၀င္မယ့္နည္းလမ္းေတြအျမဲစဥ္းစားပါ။ အပို၀င္ေငြရေစမယ့္အလုပ္ေလးေတြလုပ္ပါ။ အဲ့ဒါဆိုရင္ စိတ္က ပိုက္ဆံ၀င္ဖို႕ပဲေတြးေနေတာ့ ပိုက္ဆံကုန္ဖို႕၊ ပိုက္ဆံသံုးဖုိ႕ေတြးတာ နည္းသြားပါလိမ့္မယ္။
MAY THAZINHTOO
Credit:Aunty May
Unicodeဖြင့်ဖတ်ရန်
ဘယ်တော့မှပိုက်ဆံမလောက်တဲ့သူတွေအတွက် လတိုင်းငွေပါစုမိသွားစေမဲ့ နည်းလမ်းများ
အခုခေတ်က အသုံးစရိတ်လည်း အရမ်းကြီးတာကြောင့် ကိုယ်တိုင်ကမချွေတာဘူးဆိုရင် တစ်လတစ်လ၊ ဝင်ငွေနဲ့ထွက်ငွေကမမျှဘဲ ပိုက်ဆံပိုတယ်လို့ကိုမရှိနိုင်တော့ပါဘူး။ တကယ်တော့ ပိုက်ဆံသုံးတဲ့အခါ အလွန်အကျွံချွေတာနေစရာမလိုပါဘူး။ အစီအစဉ်တကျလေးသုံးတတ်ရင်ကို အကုန်အကျကတော်တော်သက်သာသွားတာမျိုးပါ။ ဒါကြောင့် လက်ရှိသုံးနေကျအသုံးစရိတ်တွေကို အခုဖော်ပြမယ့်နည်းလေးတွေအတိုင်းသေချာစိစစ်ပြီး သုံးမယ်ဆိုရင် ပိုက်ဆံမလောက်ဘူးဆိုတာမျိုးလည်းမရှိတော့သလို၊ စုထားလို့ရတဲ့အနေအထားမျိုးဖြစ်လာပါလိမ့်မယ်။
(၁) ပုံသေကုန်ကျစရိတ်စာရင်းလုပ်ပါ
လတစ်လမှာ အခြေခံအသုံးအဆောင်တွေရဲ့ ပုံသေကုန်ကျစရိတ်ဆိုတာရှိပါတယ်။ အဲ့ဒီကုန်ကျစရိတ်ကိုတွက်ချက်ပြီး စာရင်းလုပ်ထားပြီး ပုံမှန်အသုံးအဆောင် ပစ္စည်းတွေအတွက် သုံးမယ့်ငွေပမာဏကို ပျမ်းမျှသတ်မှတ်ထားပါ။ ပြီးရင် အဲ့ဒီပမာဏထက်ပို မသုံးမိအောင်နေပါ။
(၂) အပိုကုန်ကျစရိတ်ကိုသတ်မှတ်ပါ
အပိုကုန်ကျစရိတ်ဆိုတာ ကိုယ်လိုချင်တဲ့ပစ္စည်းတွေ၊အင်္ကျီအဝတ်အစားတွေဝယ်တာနဲ့ သူငယ်ချင်းတွေနဲ့လျှောက်လည်တာ၊ရုပ်ရှင်ကြည့်တာ၊ကော်ဖီဆိုင်ထိုင်တာ စတာတွေအတွက် တစ်လစာဘယ်လောက်သုံးမယ်ဆိုတာသတ်မှတ်ပါ။ ပြီးရင် သတ်မှတ်ပမာဏထက်ကျော်ပြီး မသုံးဖို့ ကိုယ့်ကိုယ်ကို စည်းကမ်းသတ်မှတ်ထားလိုက်ပါ။ ဒီအပိုကုန်ကျစရိတ်က အခုလိုမသတ်မှတ်ထားရင် သင့်ရဲ့ပိုက်ဆံတွေဒလဟောကုန်စေတဲ့ အဓိကတရားခံပါ။
(၃) အလုပ်ကိုနေ့လည်စာထမင်းဗူးထည့်ပါ
အလုပ်ကိုနေ့လည်စာထမင်းဘူးထည့်သွားတာက အကုန်အကျသက်သာစေပါတယ်။ ထမင်းဗူးထည့်ဖို့အတွက် ဈေးဝယ်တဲ့အခါ တစ်ရက်စာဘယ်လောက်သုံးမယ်၊ တစ်ပတ်စာဆိုဘယ်လောက် စသဖြင့် အကြမ်းဖျင်းတွက်ထားပါ။ ဒါဆို နေ့စဉ်အသုံးစရိတ်နဲ့ပတ်သက်လို့ တော်တော်လေး အစီအစဉ်တကျဖြစ်နေပါပြီ။
(၄) ကြွားဝါချင်စိတ်မထားပါနဲ့
အရည်အသွေးကောင်းတဲ့ ပစ္စည်းတွေ ဝယ်တာကောင်းပါတယ်။ ဒါပေမယ့် ကြွားဝါချင်စိတ်နဲ့ ဈေးအရမ်းကြီးတဲ့ပစ္စည်းတွေဝယ်သုံးတာမျိုး၊ ဈေးကြီးတဲ့ဆိုင်တွေမှာမကြာမကြာသွားစားတာမျိုးကိုတတ်နိုင်သလောက်လျှော့ပါ။
(၅) ကြိုတင်တွက်ချက်တဲ့ နည်းလမ်းသုံးပါ
တစ်နေရာရာသွားတာပဲဖြစ်ဖြစ်၊ ဈေးဝယ်ထွက်တာပဲဖြစ်ဖြစ် မသွားခင်ကိုယ်သုံးမယ့်ငွေပမာဏကို ကြိုတင်တွက်ချက်တဲ့အကျင့်လေးလုပ်ပါ။ တကယ်သွားရင်လည်း ကိုယ်တွက်ထားတဲ့ပမာဏနဲ့ အရမ်းကွာအောင်မသုံးမိအောင် သတိထားလိုက်ပါ။ ဒီလိုလုပ်တာက ငွေပိုမကုန်အောင်ချွေတာရာမှာ တကယ်ထိရောက်တဲ့နည်းလမ်းပါ။
(၆) ငွေဝင်မယ့်နည်းလမ်းတွေစဉ်းစားပါ
လူတစ်ယောက်ကကောင်းတဲ့အတွေးတွေ အတွေးများရင် မကောင်းတဲ့အတွေးတွေကအားပျော့သွားတတ်ပါတယ်။ အဲ့ဒီလိုပဲ ငွေထွက်မယ့်လမ်းတွေပဲစဉ်းစားနေရင် ကိုယ်ကငွေထွက်အောင်ပဲလုပ်မိနေတော့မှာမို့ ငွေဝင်မယ့်နည်းလမ်းတွေအမြဲစဉ်းစားပါ။ အပိုဝင်ငွေရစေမယ့်အလုပ်လေးတွေလုပ်ပါ။ အဲ့ဒါဆိုရင် စိတ်က ပိုက်ဆံဝင်ဖို့ပဲတွေးနေတော့ ပိုက်ဆံကုန်ဖို့၊ ပိုက်ဆံသုံးဖို့တွေးတာ နည်းသွားပါလိမ့်မယ်။
MAY THAZINHTOO
Credit:Aunty May


မှတ်ချက်များ