Zawgyi ျဖင့္ဖတ္ရန္
ၿဗိတိန္ကအမ်ိဳးသားတစ္ဦးဟာ အာဖရိကသြားခဲ့စဥ္က သူ႔ရဲ႕လိင္အဂၤါထဲေရာက္ခဲ့တဲ့ ကပ္ပါးေကာင္ဟာ သူ႔ရဲ႕အေရးႀကီးတဲ့အဂၤါအစိတ္အပိုင္းထဲဝင္ေရာက္ကာ ဥ ဥခဲ့မႈေၾကာင့္ ေသလုေမ်ာပါးေဝဒနာခံစားခဲ့ရပါတယ္။လန္ဒန္မွာေနထိုင္တဲ့ James Michael ဟာ ၾကမ္းပိုးကိုက္သလိုနာက်င္မႈေၾကာင့္ အိပ္မရႏိုင္ျဖစ္ေနခဲ့ပါတယ္။
အသက္ ၃၂ႏွစ္အ႐ြယ္ ထိုအမ်ိဳးသားဟာ မၾကာေသးခင္ကပဲ အာဖရိကအေရွ႕ဘက္ပိုင္း ဇမ္ဘီးယားမွ ဇင္ဘာေဘြအထိ သူငယ္ခ်င္းနဲ႔အတူ ခရီးထြက္ခဲ့ပါေသးတယ္။
ထိုအခ်ိန္က schistosomes လို႔အမည္ရတဲ့ ကပ္ပါးပိုးေတြဟာ သူ႔ရဲ႕ ေယာက်္ားတန္ဆာထဲကိုဝင္ေရာက္ကာ ဥဥေနခဲ့တာ သူမသိခဲ့ပါဘူး။
သူခရီးထြက္ၿပီး တစ္ႏွစ္ၾကာတဲ့အခါ အျမင့္ေတြ ေလွကားေတြေပၚတတ္ဖို႔ႀကိဳးစားတိုင္း သူ႔ေျခေထာက္ဟာ ဘာမွမခံစားရသလိုႀကီး ျဖစ္ေနခဲ့ပါတယ္။
သူ႔ေဝဒနာျဖစ္ရျခင္းရဲ႕ အဓိကအေၾကာင္းအရင္းကို မသိေသးခင္က ဦးေႏွာက္နဲ႔အာ႐ုံေၾကာဆရာဝန္ေတြဟာ သူ႔ရဲ႕ေက်ာ႐ိုးကို ထိခိုက္လို႔ျဖစ္မယ္လို႔ ယူဆခဲ့ၾကေပမယ့္ အပူပိုင္းေဒသမွာျဖစ္ပြားတတ္တဲ့ေရာဂါေတြကို ကုသေပးေနတဲ့ဆရာဝန္ေတြကေတာ့ သူ႔ရဲ႕ေရာဂါဟာ ကပ္ပါးပိုးေၾကာင့္ျဖစ္ရတာလို႔ ဆိုခဲ့ၾကပါတယ္။
သူတို႔က ကြၽန္ေတာ့္ကို အခြင့္အေရး ၃၀ရာခိုင္ႏႈန္းပဲရွိတယ္လို႔ ဆိုၾကတယ္ ဒါေတာင္ ကြၽန္ေတာ္ ၁၀ႏွစ္ေလာက္ အခ်ိန္ယူရမယ္လို႔ ဆိုတယ္ တကယ့္ကိုေၾကာက္ဖို႔ေကာင္းတဲ့ ခံစားခ်က္ပါ ကြၽန္ေတာ့္အတြက္ ကူကယ္ရာမဲ့ေနသလိုပဲ လို႔ James ကဆိုခဲ့ပါတယ္။
အဲဒီ့ေနာက္မွာေတာ့ သူဟာ ၃လတာ ေဆး႐ုံမွာ တတ္ေရာက္ကုသခဲ့ၿပီး ဝွီးခ်ဲကိုအသုံးျပဳကာ အိမ္သာသြားတဲ့ေနရာမွာလည္း ႁပြန္ကိုသာသုံးခဲ့ရပါတယ္။
သူ႔ေက်ာကုန္းေတြ လက္ေမာင္းေတြမွာလည္း ဝက္ၿခံလိုထြက္ခဲ့ၿပီး ဝမ္းေလ်ာတဲ့ေဝဒနာေတြကိုလည္း ခံစားရကာ သူခံစားရတဲ့နာက်င္မႈဟာ သူတစ္ခါမွမႀကဳံဖူးတဲ့ခံစားမႈပဲျဖစ္တယ္ လို႔သူကဆိုခဲ့ပါတယ္။
‘
ေက်ာဘက္မွာ ေပါက္ေနတဲ့ဘုေတြေၾကာင့္ အိပ္တဲ့ေနရာမွာေရာ ေရခ်ိဳးရာမွာေရာ အခက္ေတြ႕ခဲ့ပါတယ္။
သူ႔ကိုဒုကၡေပးေနတဲ့ ကပ္ပါးေကာင္ဟာ အာဖရိက နဲ႔ ေတာင္အေမရိကေတြမွာ ေပါက္ဖြားႏိုင္တဲ့ ကပ္ပါးပိုးအမ်ိဳးအစားျဖစ္ပါတယ္။
ေဆးပညာရွင္ေတြကေတာ့” ေရာဂါပိုးကူးစက္ခံရေပမယ့္ ဘာလကၡဏာမွမျပတာမ်ိဳးလည္း ျဖစ္ႏိုင္ပါတယ္ ဒါေပမဲ့ ကပ္ပါးေကာင္ဟာ ခႏၶာကိုယ္ထဲဝင္ေရာက္ေနတာ ၾကာလာတာနဲ႔အမွ် သင့္ရဲ႕ခႏၶာကိုယ္ထဲက အဂၤါအစိတ္အပိုင္းေတြကို ဖ်က္ဆီးလိမ့္မယ္” လို႔ ဆိုထားပါတယ္။
Writer -LLA ( Shwe Yaung Lan )
Unicode ဖြင့်ဖတ်ရန်
ကပ်ပါးကောင်ရဲ့တစ်ကိုယ်လုံး ကိုက်စားခြင်းကို ခံရတဲ့ လူတစ်ယောက် း
ဗြိတိန်ကအမျိုးသားတစ်ဦးဟာ အာဖရိကသွားခဲ့စဉ်က သူ့ရဲ့လိင်အင်္ဂါထဲရောက်ခဲ့တဲ့ ကပ်ပါးကောင်ဟာ သူ့ရဲ့အရေးကြီးတဲ့အင်္ဂါအစိတ်အပိုင်းထဲဝင်ရောက်ကာ ဥ ဥခဲ့မှုကြောင့် သေလုမျောပါးဝေဒနာခံစားခဲ့ရပါတယ်။လန်ဒန်မှာနေထိုင်တဲ့ James Michael ဟာ ကြမ်းပိုးကိုက်သလိုနာကျင်မှုကြောင့် အိပ်မရနိုင်ဖြစ်နေခဲ့ပါတယ်။
အသက် ၃၂နှစ်အရွယ် ထိုအမျိုးသားဟာ မကြာသေးခင်ကပဲ အာဖရိကအရှေ့ဘက်ပိုင်း ဇမ်ဘီးယားမှ ဇင်ဘာဘွေအထိ သူငယ်ချင်းနဲ့အတူ ခရီးထွက်ခဲ့ပါသေးတယ်။
ထိုအချိန်က schistosomes လို့အမည်ရတဲ့ ကပ်ပါးပိုးတွေဟာ သူ့ရဲ့ ယောကျ်ားတန်ဆာထဲကိုဝင်ရောက်ကာ ဥဥနေခဲ့တာ သူမသိခဲ့ပါဘူး။
သူခရီးထွက်ပြီး တစ်နှစ်ကြာတဲ့အခါ အမြင့်တွေ လှေကားတွေပေါ်တတ်ဖို့ကြိုးစားတိုင်း သူ့ခြေထောက်ဟာ ဘာမှမခံစားရသလိုကြီး ဖြစ်နေခဲ့ပါတယ်။
သူ့ဝေဒနာဖြစ်ရခြင်းရဲ့ အဓိကအကြောင်းအရင်းကို မသိသေးခင်က ဦးနှောက်နဲ့အာရုံကြောဆရာဝန်တွေဟာ သူ့ရဲ့ကျောရိုးကို ထိခိုက်လို့ဖြစ်မယ်လို့ ယူဆခဲ့ကြပေမယ့် အပူပိုင်းဒေသမှာဖြစ်ပွားတတ်တဲ့ရောဂါတွေကို ကုသပေးနေတဲ့ဆရာဝန်တွေကတော့ သူ့ရဲ့ရောဂါဟာ ကပ်ပါးပိုးကြောင့်ဖြစ်ရတာလို့ ဆိုခဲ့ကြပါတယ်။
သူတို့က ကျွန်တော့်ကို အခွင့်အရေး ၃၀ရာခိုင်နှုန်းပဲရှိတယ်လို့ ဆိုကြတယ် ဒါတောင် ကျွန်တော် ၁၀နှစ်လောက် အချိန်ယူရမယ်လို့ ဆိုတယ် တကယ့်ကိုကြောက်ဖို့ကောင်းတဲ့ ခံစားချက်ပါ ကျွန်တော့်အတွက် ကူကယ်ရာမဲ့နေသလိုပဲ လို့ James ကဆိုခဲ့ပါတယ်။
အဲဒီ့နောက်မှာတော့ သူဟာ ၃လတာ ဆေးရုံမှာ တတ်ရောက်ကုသခဲ့ပြီး ဝှီးချဲကိုအသုံးပြုကာ အိမ်သာသွားတဲ့နေရာမှာလည်း ပြွန်ကိုသာသုံးခဲ့ရပါတယ်။
သူ့ကျောကုန်းတွေ လက်မောင်းတွေမှာလည်း ဝက်ခြံလိုထွက်ခဲ့ပြီး ဝမ်းလျောတဲ့ဝေဒနာတွေကိုလည်း ခံစားရကာ သူခံစားရတဲ့နာကျင်မှုဟာ သူတစ်ခါမှမကြုံဖူးတဲ့ခံစားမှုပဲဖြစ်တယ် လို့သူကဆိုခဲ့ပါတယ်။
‘
ကျောဘက်မှာ ပေါက်နေတဲ့ဘုတွေကြောင့် အိပ်တဲ့နေရာမှာရော ရေချိုးရာမှာရော အခက်တွေ့ခဲ့ပါတယ်။
သူ့ကိုဒုက္ခပေးနေတဲ့ ကပ်ပါးကောင်ဟာ အာဖရိက နဲ့ တောင်အမေရိကတွေမှာ ပေါက်ဖွားနိုင်တဲ့ ကပ်ပါးပိုးအမျိုးအစားဖြစ်ပါတယ်။
ဆေးပညာရှင်တွေကတော့” ရောဂါပိုးကူးစက်ခံရပေမယ့် ဘာလက္ခဏာမှမပြတာမျိုးလည်း ဖြစ်နိုင်ပါတယ် ဒါပေမဲ့ ကပ်ပါးကောင်ဟာ ခန္ဓာကိုယ်ထဲဝင်ရောက်နေတာ ကြာလာတာနဲ့အမျှ သင့်ရဲ့ခန္ဓာကိုယ်ထဲက အင်္ဂါအစိတ်အပိုင်းတွေကို ဖျက်ဆီးလိမ့်မယ်” လို့ ဆိုထားပါတယ်။
Writer -LLA ( Shwe Yaung Lan )
c


မှတ်ချက်များ