ပန္းေရာင္းလို႔ ရတဲ့ ပိုက္ဆံေလးေတြ စုၿပီး ပုဂံကို ဘုရားဖူးထြက္မယ္ ဆိုတဲ့ ဖြားဖြား
Zawgyi ျဖင့္ဖတ္ရန္
ဒီတစ္ေခါက္တင္ဆက္ေပးခ်င္တဲ့ သတင္းေလးကေတာ့ ပုဂံသြားဖို႔ ပန္းေရာင္းၿပီး ပိုက္ဆံစုေနရွာတဲ့ ဖြားဖြားတစ္ေယာက္ အလႉရွင္တစ္ဦးနဲ႔ ဆုံကာ သြားခြင့္ရခဲ့တဲ့ သတင္းေလးပါ
ဒီအေၾကာင္းအရာေလးကို အလႉရွင္ ကိုမြန္ျမတ္က သူ႔ရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာမွာ (((( ပန္းေရာင္္းပီး ေငြစုေနတာက
ပုဂံကိုဘုရားဖူးသြားဖို႔တဲ့ေလ(သနားပါတယ္ ..)မႏွင္းႏု(ေဆြသဟာပီနံအိပ္ဆိုင္)က
ခ်ိိတ္ဆက္ေပးတာနဲ႔ ကြၽန္ေတာ္ နဲ႔ေတြ႕ေရာ
ဟုတ္ပါၿပီ ပိုက္ဆံေတြစုစရာမလိိုေတာ့ဘူး
မနက္ျဖန္မနက္မွာပဲ အသက္ ရ၀ ေက်ာ္အဖြားအိုကိုပုဂံကို စရိတ္ၿငိမ္းဘုရားဖူး ေခၚသြားပါမယ္ေနာ္
တက္တက္ႂကြႂကြ ပဲအရမ္းလိုက္ခ်င္ရွာေနတာ
အားလုံး ကိုယ္စိတ္ႏွစ္ျဖာ က်န္းမာ ခ်မ္းသာ၍ လိုအင္ဆႏၵမ်ားလဲ ျပည့္ဝၾကပါေစ
တတိယအႀကိမ္ေျမာက္ ပုဂံကိုမေရာက္ဖူးသူမ်ားကိုစရိတ္ၿငိမ္းဘုရားဖူးပို႔ေပးမွာျဖစ္ပါတယ္္
ကိုမြန္ျမတ္ )))) ဆိုၿပီးေရးတင္ထားခဲ့တာပါ
ဒီပို႔စ္ေအာက္မွာေတာ့ အဘြားအတြက္ ဝမ္းသာေနၾကတဲ့သူေတြနဲ႔ အလႉရွင္ကို ခ်ီးက်ဴးေနၾကတာကိုလည္းေတြ႕ရပါတယ္
ဝမ္းသာပီတိျဖစ္စရာ ၾကည္ႏူးစရာသတင္းေလးျဖစ္တာမို႔ ေ႐ႊေရာင္လမ္းပရိသတ္ႀကီးအတြက္ တင္ဆက္ေပးလိုက္ပါတယ္ေနာ္
Writer – Magic (Shwe Yaung Lan)
Unicode ဖြင့်ဖတ်ရန်
ပန်းရောင်းလို့ ရတဲ့ ပိုက်ဆံလေးတွေ စုပြီး ပုဂံကို ဘုရားဖူးထွက်မယ် ဆိုတဲ့ ဖွားဖွား
ဒီတစ်ခေါက်တင်ဆက်ပေးချင်တဲ့ သတင်းလေးကတော့ ပုဂံသွားဖို့ ပန်းရောင်းပြီး ပိုက်ဆံစုနေရှာတဲ့ ဖွားဖွားတစ်ယောက် အလှူရှင်တစ်ဦးနဲ့ ဆုံကာ သွားခွင့်ရခဲ့တဲ့ သတင်းလေးပါ
ဒီအကြောင်းအရာလေးကို အလှူရှင် ကိုမွန်မြတ်က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ (((( ပန်းရောင်းပီး ငွေစုနေတာက
ပုဂံကိုဘုရားဖူးသွားဖို့တဲ့လေ(သနားပါတယ် ..)မနှင်းနု(ဆွေသဟာပီနံအိပ်ဆိုင်)က
ချိတ်ဆက်ပေးတာနဲ့ ကျွန်တော် နဲ့တွေ့ရော
ဟုတ်ပါပြီ ပိုက်ဆံတွေစုစရာမလိုတော့ဘူး
မနက်ဖြန်မနက်မှာပဲ အသက် ရ၀ ကျော်အဖွားအိုကိုပုဂံကို စရိတ်ငြိမ်းဘုရားဖူး ခေါ်သွားပါမယ်နော်
တက်တက်ကြွကြွ ပဲအရမ်းလိုက်ချင်ရှာနေတာ
အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ၍ လိုအင်ဆန္ဒများလဲ ပြည့်ဝကြပါစေ
တတိယအကြိမ်မြောက် ပုဂံကိုမရောက်ဖူးသူများကိုစရိတ်ငြိမ်းဘုရားဖူးပို့ပေးမှာဖြစ်ပါတယ်
ကိုမွန်မြတ် )))) ဆိုပြီးရေးတင်ထားခဲ့တာပါ
ဒီပို့စ်အောက်မှာတော့ အဘွားအတွက် ဝမ်းသာနေကြတဲ့သူတွေနဲ့ အလှူရှင်ကို ချီးကျူးနေကြတာကိုလည်းတွေ့ရပါတယ်
ဝမ်းသာပီတိဖြစ်စရာ ကြည်နူးစရာသတင်းလေးဖြစ်တာမို့ ရွှေရောင်လမ်းပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်
Writer – Magic (Shwe Yaung Lan)
မှတ်ချက်များ