အေကာင္းျမင္သမားနဲ႔ အဆုိးျမင္သမားၾကားက ကြာျခားခ်က္ေတြ…
Zawgyiျဖင့္ဖတ္ရန္
အေကာင္းျမင္စိတ္ထားတဲ႔သူနဲ႔ အဆုိးျမင္တတ္တဲ႔သူဟာ ေပ်ာ္ရႊင္တဲ႔သူနဲ႔ မေပ်ာ္ရႊင္တဲ႔သူဆုိျပီး ကြဲျပားသြားတတ္တယ္။ဘယ္လုိအေျခအေနမ်ိဳးမွာျဖစ္ျဖစ္အေကာင္းဘက္ကေတြးေတာတတ္သူဟာ အဆင္ေျပေခ်ာေမြ႔မယ့္နည္းလမ္းကုိသာ စဥ္းစားေနမွာျဖစ္လိုု႔ သူ႔မွာစိတ္ပူပန္မႈရယ္လို႔ နည္းပါးပါတယ္။အဆုိးျမင္တတ္တဲ႔သူေတြက်ေတာ့ ေရွ႔ဆက္မယ့္လမ္းကုိစဥ္းစားရမယ့္အစား အဆုိးျမင္ေနတဲ႔အတြက္ ေအာင္ျမင္အဆင္ေျပဖုိ႔ၾကန္႔ၾကာပါတယ္။အေကာင္းျမင္စိတ္ရွိသူလား အဆုိးျမင္တတ္တဲ႔သူလား ဘယ္လုိခြဲျခားသိႏုိင္လဲ?
-အေကာင္းျမင္တတ္တဲ႔သူဟာ အေတြ႔အၾကံဳအသစ္ေတြအတြက္ အျမဲအဆင္သင့္ျဖစ္ေနတယ္
-အဆုိးျမင္တတ္တဲ႔သူကေတာ့ ေျပာင္းလဲမႈၾကံဳေတြ႔ရမွာကုိ ေၾကာက္ေနတတ္တယ္
-အေကာင္းျမင္တတ္တဲ႔သူဟာ သူတစ္ပါးအတြက္အရင္စဥ္းစားျပီး ေျပာတယ္
-အဆုိးျမင္တတ္သူကေတာ့ ကုိယ့္အတြက္ကုိယ္ အရင္ေျပာတယ္
-အေကာင္းျမင္စိတ္ရွိသူေတြဟာ တစ္ျခားသူေတြကိုဂရုစုိက္ၾကသလုိ အကူအညီေပးဖုိ႔အတြက္လည္း ေနာက္မတြန္႔တတ္ၾကဘူး
-အဆုိးျမင္စိတ္ရွိသူေတြကေတာ့ ဘုရင္မတစ္ပါးလို သူတစ္ပါးဆီက ဂရုစုိက္မႈ၊အေလးထားမႈကုိသာ အရင္ဆံုးလိုခ်င္တတ္ၾကတယ္
-အေကာင္းျမင္တတ္တဲ႔သူေတြဟာ အဆင္မေျပမႈေတြအတြက္ တာ၀န္ယူေျဖရွင္းတတ္ၾကတယ္
– အဆုိးျမင္သူေတြကေတာ့ ကုိယ့္အမွားကုိေတာင္ သူတစ္ပါးကုိအျပစ္ဖုိ႔တတ္ၾကတယ္
-အေကာင္းျမင္စိတ္ထားတတ္သူေတြဟာ တစ္ျခားသူေတြရဲ႔စိတ္ခံစားခ်က္ကုိ မထိခိုက္မိေအာင္ၾကိဳးစားၾကတယ္
-အဆုိးျမင္စိတ္ရွိသူေတြကေတာ့ ကုိယ္တိုးတက္ဖုိ႔နဲ႔ ကုိယ့္အက်ိဳးမ်ားဖုိ႔ပဲ တြက္ခ်က္တတ္ၾကတယ္
-အေကာင္းျမင္စိတ္ရွိသူေတြဟာ တစ္ျခားသူေတြေအာင္ျမင္ဖုိ႔ကုိ ေမ်ွာ္လင့္တယ္။ေအာင္ျမင္သြားရင္ ၀မ္းသာေပးၾကတယ္
-အဆုိးျမင္စိတ္ရွိသူေတြကေတာ့ တစ္ျခားသူေတြ က်ရွံဳးဖုိ႔ကုိ တိတ္တိတ္ေလးေမ်ွာ္လင့္ေနတတ္ၾကတယ္
-အေကာင္းျမင္စိတ္ရွိသူေတြဟာ ေ၀ဖန္မႈေတြကိုလည္းလက္ခံျပီး အမွားျပင္ဆင္မႈေတြလုပ္တတ္ၾကတယ္
-အဆုိးျမင္တတ္သူေတြကေတာ့ အေ၀ဖန္ခံရတာကုိ မုန္းတတ္ၾကျပီး ကုိယ့္အမွားကုိယ္လည္း ျပန္ျပင္ဆင္ျခင္းမရွိဘူး။
-အေကာင္းျမင္စိတ္ထားတတ္သူေတြဟာ အသစ္အသစ္ေတြကုိသင္ယူဖုိ႔အျမဲၾကိဳးစားေလ့လာေလ့ရွိၾကတယ္
-အဆုိးျမင္စိတ္ပုိင္ဆုိင္ထားသူေတြကေတာ့ သူတုိ႔ပဲ အားလံုးသိ၊အားလံုးတတ္ ဆရာၾကီးလုပ္တတ္ၾကတယ္
-အေကာင္းျမင္စိတ္ရွိသူေတြဟာ ေျပာင္းလဲဖုိ႔ၾကိဳးစားတတ္ၾကတယ္
-အဆုိးျမင္တတ္သူေတြကေတာ့ ဒါဟာသူတုိ႔ရဲ႔ကံၾကမၼာပဲလုိ႔ေတြးေတာျပီး ျဖစ္သမ်ွလက္ခံတတ္ၾကတယ္
ဒါေတြကေတာ့ အေကာင္းျမင္စိတ္နဲ႔ အဆုိးျမင္စိတ္ရွိသူေတြရဲ႔ ကြာျခားခ်က္ေလးေတြပဲျဖစ္ပါတယ္။အေကာင္းျမင္စိတ္ရွိိတာဟာ ခက္ခဲၾကမ္းတမ္းတဲ႔ဘ၀ၾကီးကုိျဖတ္သန္းဖုိ႔ အေဖာ္သဟဲရွိတာနဲ႔အတူတူပါပဲ။စိတ္လည္းသိပ္မပင္ပန္းပဲ အဆင္ေျပေခ်ာေမြ႔စြာျဖတ္သန္းႏုိင္ဖုိ႔ကူညီေပးႏုိင္ပါတယ္။ဒါေၾကာင့္ အေကာင္းျမင္စိတ္ေလး မ်ားမ်ားေမြးျမဴသင့္ပါတယ္။
Source:Brightside
Credit:trend myanmar
Unicodeဖြင့်ဖတ်ရန်
အကောင်းမြင်သမားနဲ့ အဆိုးမြင်သမားကြားက ကွာခြားချက်တွေ…
အကောင်းမြင်စိတ်ထားတဲ့သူနဲ့ အဆိုးမြင်တတ်တဲ့သူဟာ ပျော်ရွှင်တဲ့သူနဲ့ မပျော်ရွှင်တဲ့သူဆိုပြီး ကွဲပြားသွားတတ်တယ်။ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ်အကောင်းဘက်ကတွေးတောတတ်သူဟာ အဆင်ပြေချောမွေ့မယ့်နည်းလမ်းကိုသာ စဉ်းစားနေမှာဖြစ်လို့ သူ့မှာစိတ်ပူပန်မှုရယ်လို့ နည်းပါးပါတယ်။အဆိုးမြင်တတ်တဲ့သူတွေကျတော့ ရှေ့ဆက်မယ့်လမ်းကိုစဉ်းစားရမယ့်အစား အဆိုးမြင်နေတဲ့အတွက် အောင်မြင်အဆင်ပြေဖို့ကြန့်ကြာပါတယ်။အကောင်းမြင်စိတ်ရှိသူလား အဆိုးမြင်တတ်တဲ့သူလား ဘယ်လိုခွဲခြားသိနိုင်လဲ?
-အကောင်းမြင်တတ်တဲ့သူဟာ အတွေ့အကြုံအသစ်တွေအတွက် အမြဲအဆင်သင့်ဖြစ်နေတယ်
-အဆိုးမြင်တတ်တဲ့သူကတော့ ပြောင်းလဲမှုကြုံတွေ့ရမှာကို ကြောက်နေတတ်တယ်
-အကောင်းမြင်တတ်တဲ့သူဟာ သူတစ်ပါးအတွက်အရင်စဉ်းစားပြီး ပြောတယ်
-အဆိုးမြင်တတ်သူကတော့ ကိုယ့်အတွက်ကိုယ် အရင်ပြောတယ်
-အကောင်းမြင်စိတ်ရှိသူတွေဟာ တစ်ခြားသူတွေကိုဂရုစိုက်ကြသလို အကူအညီပေးဖို့အတွက်လည်း နောက်မတွန့်တတ်ကြဘူး
-အဆိုးမြင်စိတ်ရှိသူတွေကတော့ ဘုရင်မတစ်ပါးလို သူတစ်ပါးဆီက ဂရုစိုက်မှု၊အလေးထားမှုကိုသာ အရင်ဆုံးလိုချင်တတ်ကြတယ်
-အကောင်းမြင်တတ်တဲ့သူတွေဟာ အဆင်မပြေမှုတွေအတွက် တာဝန်ယူဖြေရှင်းတတ်ကြတယ်
– အဆိုးမြင်သူတွေကတော့ ကိုယ့်အမှားကိုတောင် သူတစ်ပါးကိုအပြစ်ဖို့တတ်ကြတယ်
-အကောင်းမြင်စိတ်ထားတတ်သူတွေဟာ တစ်ခြားသူတွေရဲ့စိတ်ခံစားချက်ကို မထိခိုက်မိအောင်ကြိုးစားကြတယ်
-အဆိုးမြင်စိတ်ရှိသူတွေကတော့ ကိုယ်တိုးတက်ဖို့နဲ့ ကိုယ့်အကျိုးများဖို့ပဲ တွက်ချက်တတ်ကြတယ်
-အကောင်းမြင်စိတ်ရှိသူတွေဟာ တစ်ခြားသူတွေအောင်မြင်ဖို့ကို မျှော်လင့်တယ်။အောင်မြင်သွားရင် ဝမ်းသာပေးကြတယ်
-အဆိုးမြင်စိတ်ရှိသူတွေကတော့ တစ်ခြားသူတွေ ကျရှုံးဖို့ကို တိတ်တိတ်လေးမျှော်လင့်နေတတ်ကြတယ်
-အကောင်းမြင်စိတ်ရှိသူတွေဟာ ဝေဖန်မှုတွေကိုလည်းလက်ခံပြီး အမှားပြင်ဆင်မှုတွေလုပ်တတ်ကြတယ်
-အဆိုးမြင်တတ်သူတွေကတော့ အဝေဖန်ခံရတာကို မုန်းတတ်ကြပြီး ကိုယ့်အမှားကိုယ်လည်း ပြန်ပြင်ဆင်ခြင်းမရှိဘူး။
-အကောင်းမြင်စိတ်ထားတတ်သူတွေဟာ အသစ်အသစ်တွေကိုသင်ယူဖို့အမြဲကြိုးစားလေ့လာလေ့ရှိကြတယ်
-အဆိုးမြင်စိတ်ပိုင်ဆိုင်ထားသူတွေကတော့ သူတို့ပဲ အားလုံးသိ၊အားလုံးတတ် ဆရာကြီးလုပ်တတ်ကြတယ်
-အကောင်းမြင်စိတ်ရှိသူတွေဟာ ပြောင်းလဲဖို့ကြိုးစားတတ်ကြတယ်
-အဆိုးမြင်တတ်သူတွေကတော့ ဒါဟာသူတို့ရဲ့ကံကြမ္မာပဲလို့တွေးတောပြီး ဖြစ်သမျှလက်ခံတတ်ကြတယ်
ဒါတွေကတော့ အကောင်းမြင်စိတ်နဲ့ အဆိုးမြင်စိတ်ရှိသူတွေရဲ့ ကွာခြားချက်လေးတွေပဲဖြစ်ပါတယ်။အကောင်းမြင်စိတ်ရှိတာဟာ ခက်ခဲကြမ်းတမ်းတဲ့ဘဝကြီးကိုဖြတ်သန်းဖို့ အဖော်သဟဲရှိတာနဲ့အတူတူပါပဲ။စိတ်လည်းသိပ်မပင်ပန်းပဲ အဆင်ပြေချောမွေ့စွာဖြတ်သန်းနိုင်ဖို့ကူညီပေးနိုင်ပါတယ်။ဒါကြောင့် အကောင်းမြင်စိတ်လေး များများမွေးမြူသင့်ပါတယ်။
Source:Brightside
Credit:trend myanmar


မှတ်ချက်များ