Zawgyiျဖင့္ဖတ္ရန္
ပရိသတ္ႀကီးေရ ၊ ခီေမာင္ႏွံဟာ မူပိုင္ခြင့္နဲ႔ ပတ္သက္ၿပီး စန္းစန္းတင့္ၾကသူေတြဆိုတာ အားလုံး သိၾကၿပီးျဖစ္မွာပါ ၊ အခုတစ္ေခါက္မွာေတာ့ လူမႈကြန္ရက္ အသုံးျပဳသူတစ္ေယာက္က ခီေမာင္ႏွံဟာ မူပိုင္ခြင့္ခ်ိဳးေဖာက္ထားတယ္ ဆိုၿပီး သက္ေသေတြ နဲ႔တကြ တင္ျပလိုက္တာပါ .
“Patent ဘာလဲ(အကူအညီေလးေတာင္းခ်င္လို႔ပါလက္စြပ္ကိစၥ အုပ္ေအာ္ေသာင္း နင္း ျဖစ္ေနေတာ့ ပထမ မိန္းမကိုသတိရတယ္။ အဲလို Hot ျဖစ္ေနတဲ့ လက္စြပ္ေလး ဝယ္ေပးရရင္ေကာင္းမလားေပါ့။ လိုက္ရွာၾကည့္ေတာ့ Tiffany and Co မွာေတြ႕တယ္။
နာမယ္ႀကီး ဒါ႐ိုက္တာ ကလဲ သူ႔ ႐ုပ္ရွင္ထဲကလက္စြပ္တဲ့။ မိန္းမကို ဝယ္ေပးၿပီးမွ ရွင္ဒါေလးေတာင္ မသိဘူးလား ရႈပ္ရႈပ္ရွက္ရွက္ဆိုၿပီး အဆူခံရမွာေၾကာက္ လို႔ ကြၽန္ေတာ္ လုပ္တာေတြ အမ်ိဳးသမီးအတြက္စိတ္ခ်ရမလား)
ဒီဇိုင္းကတူေနလို႔ US Patent office မွာ Patent တင္ထားတာ ေတာင္းၾကည့္တယ္။ ေအာက္ကပုံ ေလးေတြနဲ႔ design patent တင္ထားတယ္။ ၂၀၁၅ မွတင္ထားတာဆိုေတာ့ ၂၀၂၉ မွကုန္မယ္။
Patent law ေတြေသ ခ်ာ မသိေတာ့ Tiffany ရဲ႕ ဥပေဒအႀကံေပးဌာန VP Leigh Harlan ဆီ အက်ိဳးအေၾကာင္းေျပာျပ ဆက္သြယ္ေမးရမလား။ ျမန္မာ ႏိုင္ငံကလဲ WIPO အဖြဲ႕ ပဋိဉာဥ္ မွာ လက္မွတ္ထိုးထားေတာ့ ေနျပည္ေတာ္ စီးပြားကူးသန္းဝန္ႀကီးဌာန ဉာဏ ဆိုင္ရာ မူပိုင္ခြင့္ဌာနကိုပဲ ဆက္သြယ္စုံစမ္းရမလား။
ခီတို႔ စီပဲ ကိုယ္ တိုင္ဆက္သြယ္ေမးရမလား။ဘဝ မွာ အေရးႀကီးဆုံး VVIP မိန္းမအတြက္ ဆိုေတာ့ မွားသြားမွာေၾကာက္လို႔ ဥပေဒ ဆိုင္ရာ အႀကံေလးေပးၾကပါ။အႀကံေကာင္းမရရင္ Tiffany ရဲ႕ ဥပေဒ အႀကံေပး ဌာန Vice President စီကိုယ္တိုင္စာေရး အႀကံေတာင္းေတာ့ မွာမို႔ပါ။”ဆိုၿပီးေရးသားထားပါတယ္ ။
မူရင္းေရးသားသူကေတာ့ မူပိုင္ခြင့္ခ်ိဳးေဖာက္ၿပီး သူခိုးက လူျပန္ဟစ္ ခဲ့တယ္ဆိုတဲ့ ဝန္ခံခ်က္တစ္ခုကို ခီေမာင္ႏွံဆီက လိုခ်င္ေနပုံေပၚပါတယ္ ။ ပရိသတ္ႀကီးေရ အခုလို ဖြင့္ခ်ခံခဲ့ရတဲ့အေပၚ ခီေတြ တကယ္ သူခိုးျဖစ္ႏိုင္သလား၊ မွတ္ခ်က္ေပးခဲ့ၾကပါဦး ။
Unicode ဖြင့်ဖတ်ရန်
ပရိသတ်ကြီးရေ ၊ ခီမောင်နှံဟာ မူပိုင်ခွင့်နဲ့ ပတ်သက်ပြီး စန်းစန်းတင့်ကြသူတွေဆိုတာ အားလုံး သိကြပြီးဖြစ်မှာပါ ၊ အခုတစ်ခေါက်မှာတော့ လူမှုကွန်ရက် အသုံးပြုသူတစ်ယောက်က ခီမောင်နှံဟာ မူပိုင်ခွင့်ချိုးဖောက်ထားတယ် ဆိုပြီး သက်သေတွေ နဲ့တကွ တင်ပြလိုက်တာပါ .
“Patent ဘာလဲ(အကူအညီလေးတောင်းချင်လို့ပါလက်စွပ်ကိစ္စ အုပ်အော်သောင်း နင်း ဖြစ်နေတော့ ပထမ မိန်းမကိုသတိရတယ်။ အဲလို Hot ဖြစ်နေတဲ့ လက်စွပ်လေး ဝယ်ပေးရရင်ကောင်းမလားပေါ့။ လိုက်ရှာကြည့်တော့ Tiffany and Co မှာတွေ့တယ်။
နာမယ်ကြီး ဒါရိုက်တာ ကလဲ သူ့ ရုပ်ရှင်ထဲကလက်စွပ်တဲ့။ မိန်းမကို ဝယ်ပေးပြီးမှ ရှင်ဒါလေးတောင် မသိဘူးလား ရှုပ်ရှုပ်ရှက်ရှက်ဆိုပြီး အဆူခံရမှာကြောက် လို့ ကျွန်တော် လုပ်တာတွေ အမျိုးသမီးအတွက်စိတ်ချရမလား)
ဒီဇိုင်းကတူနေလို့ US Patent office မှာ Patent တင်ထားတာ တောင်းကြည့်တယ်။ အောက်ကပုံ လေးတွေနဲ့ design patent တင်ထားတယ်။ ၂၀၁၅ မှတင်ထားတာဆိုတော့ ၂၀၂၉ မှကုန်မယ်။
Patent law တွေသေ ချာ မသိတော့ Tiffany ရဲ့ ဥပဒေအကြံပေးဌာန VP Leigh Harlan ဆီ အကျိုးအကြောင်းပြောပြ ဆက်သွယ်မေးရမလား။ မြန်မာ နိုင်ငံကလဲ WIPO အဖွဲ့ ပဋိဉာဉ် မှာ လက်မှတ်ထိုးထားတော့ နေပြည်တော် စီးပွားကူးသန်းဝန်ကြီးဌာန ဉာဏ ဆိုင်ရာ မူပိုင်ခွင့်ဌာနကိုပဲ ဆက်သွယ်စုံစမ်းရမလား။
ခီတို့ စီပဲ ကိုယ် တိုင်ဆက်သွယ်မေးရမလား။ဘဝ မှာ အရေးကြီးဆုံး VVIP မိန်းမအတွက် ဆိုတော့ မှားသွားမှာကြောက်လို့ ဥပဒေ ဆိုင်ရာ အကြံလေးပေးကြပါ။အကြံကောင်းမရရင် Tiffany ရဲ့ ဥပဒေ အကြံပေး ဌာန Vice President စီကိုယ်တိုင်စာရေး အကြံတောင်းတော့ မှာမို့ပါ။”ဆိုပြီးရေးသားထားပါတယ် ။
မူရင်းရေးသားသူကတော့ မူပိုင်ခွင့်ချိုးဖောက်ပြီး သူခိုးက လူပြန်ဟစ် ခဲ့တယ်ဆိုတဲ့ ဝန်ခံချက်တစ်ခုကို ခီမောင်နှံဆီက လိုချင်နေပုံပေါ်ပါတယ် ။ ပရိသတ်ကြီးရေ အခုလို ဖွင့်ချခံခဲ့ရတဲ့အပေါ် ခီတွေ တကယ် သူခိုးဖြစ်နိုင်သလား၊ မှတ်ချက်ပေးခဲ့ကြပါဦး ။
Credit: MMSport Myanmar




မှတ်ချက်များ