Zawgyiဖြင့်ဖတ်ရန်
Credit:trend maynamr
Unicodeဖြင့်ဖတ်ရန်
ညဘက်ကောင်းကောင်းအိပ်ပျော်အောင် ဒီနေရာလေးတွေနှိပ်ပေးပါ
ညဘက်ကောင်းကောင်းအိပ်ပျော်ဖို့ဆိုတာ တစ်ချို့သူတွေအတွက် တကယ်ကိုခက်ခဲပါတယ်။အထူးသဖြင့် ညဘက်ဂိမ်းဆော့မယ်။ဖုန်းသုံးမယ်ဆိုရင် ပိုပြီးအိပ်ပျော်ဖို့ခက်ပါတယ်။ဒါပေမဲ့ ညဘက်ကောင်းမွန်စွာအိပ်စက်နိုင်ဖို့ ဒီနေရာလေးတွေဖိနှိပ်ပေးသင့်တယ်လို့ ကျန်းမာရေးနဲ့ပတ်သက်တဲ့မီဒီယာတစ်ခုက ဖော်ပြခဲ့ပါတယ်။ဘယ်နေရာတွေကိုနှိပ်ပေးရင်ညဘက်ကောင်းကောင်းအိပ်စက်နိုင်မလဲ?
*ပုံထဲမှာပြထားတဲ့အစက်နေရာလေးကို ဖြည်းဖြည်းချင်းစက်ဝိုင်းပုံစံ ဒါမှမဟုတ် အပေါ်အောက် ၂မိနစ်ကနေ ၃ မိနစ်ထိနှိပ်နယ်ပေးပါ။ပြီးရင် အစက်နေရာရဲ့ဘယ်ဘက်နဲ့ညာဘက်ခြမ်းကိုတစ်လှည့်စီ ဖြည်းဖြည်းချင်းဖိထားပေးပါ။လက်နှစ်ဖက်ကို တစ်လှည့်စီလုပ်ပါ။ဒီအစက်နေရာ
လေးက စိတ်ကိုအေးချမ်းစေလို့ မြန်မြန်အိပ်ပျော်အောင်ကူညီပေးနိုင်ပါတယ်။
*ဒီအမှတ်နေရာလေးကတော့သင့်ရဲ့ခြေကျင်းဝတ်မှာရှိပါတယ်။အမှတ်နေရာတစ်ဝိုက် ၅စက္ကန့်လောက် စက်ဝိုင်းပုံစံ၊အပေါ်အောက်နှိပ်နယ်ပေးမယ်ဆိုရင် မြန်မြန်ဆန်ဆန်အိပ်ပျော်စေနိုင်ပါတယ်။
*အပေါ်မှာပြောထားခဲ့သလိုမျိုးပဲ ပြထားတဲ့အမှတ်နေရာလေးကို စက်ဝိုင်းပုံစံ မိနစ်အနည်းငယ်ဖိနှိပ်နယ်ပေးမယ်ဆိုရင် ခန္ဓာကိုယ်ပင်ပန်းမှုတွေကိုလျော့ကျစေပြီး အိပ်ပျော်စေပါတယ်။ခေါင်းကိုက်နေတဲ့အခါမှာနှိပ်နယ်ပေးရင်လည်းသက်သာစေပြီး ဗိုက်နာတာ၊အော့အန်ခေါင်းမူးဖြစ်တာတွေကိုလည်းသက်သာစေပါတယ်။
*ပုံထဲမှာပြထားတဲ့အမှတ်နေရာလေးကို လက်ချောင်းလေးတွေနဲ့ ၅စက္ကန့်နီးပါးလောက်ကြာအောင် နှိပ်နယ်ပေးပါ။လက်မကိုသုံးပြီး အစက်နေရာတစ်ဝိုက်ကို ခပ်ဆတ်ဆတ်လေးဖိပြီး နှိပ်နယ်ပါ။နှိပ်နယ်နေစဉ်အသက်ကိုပြင်းပြင်းရှုပေးပါ။ဒီအစက်နေရာလေးကိုနှိပ်နယ်ပေးတာက မြန်မြန်အိပ်ပျော်စေတဲ့အပြင် ချောင်းဆိုးတာကိုလည်းသက်သာစေပါတယ်။စိတ်ဖိစီးမှုလည်းလျော့နည်းစေပါတယ်။
ညဘက်အိပ်မပျော်ရင် ဒီနည်းလေးတွေစမ်းကြည့်လိုက်နော်
Credit:trend maynamr
မှတ်ချက်များ