Zawgyiဖြင့်ဖတ်ရန်


Unicode ဖြင့်ဖတ်ရန်
ပရိသတ်ကြီးရေ ၊ အခုတစ်ခေါက် မြန်မာအိုင်ဒေါ ပွဲကြီးရဲ့ ရလာဒ် ကတော့ တရားမမျှတဘူးဆိုပြီးတော့ သုံးသပ်မှုတွေထွက်ပေါ်နေတာလည်း ဖြစ်ပါတယ် ။ မနေ့ညက ရလာဒ်မှာ တန်ခွန်ကျော် တစ်ယောက်နှုတ်ဆက်ခဲ့ရအပြင် အေးမြဖြူ နဲ့ အက်စတာ တို့ပါ
ဘော်တွန်ထိုင်ခဲ့ရတဲ့ အတွက် ပရိသတ်တွေက စိတ်မကောင်းဖြစ်ခဲ့ရတာပါ ။နိုင်ငံကျော်တေးသံရှင် တစ်ယောက်လည်း ဖြစ်၊ မယ်လိုဒီဝေါ နဲ့ ဂလက်ဆီစတား သီချင်းဆိုပြိုင်ပွဲတွေကနေ ပရိသတ်လက်ခံမှုကို ရရှိထားတဲ့သူဖြစ်တဲ့ လားဒင့်ထားရီ ကတော့
အိုင်ဒေါပြိုင်ပွဲကြီး နဲ့ပတ်သက်ပြီး သူ့အမြင်ကို ပွင့်ပွင့်လင်းလင်းပြောဆိုထားပါတယ် ။
“ဟိုက် ရှားးး ပါးးး…..နောက်နှစ် ဖောင်တင်ပြီး သွားလုပ်ကျွေး အဲ့လေ သွားပြိုင်ရင်ကောင်းမလားပဲ တို့လဲ သူတို့ ဒရာမာထဲမာ မင်းသမီးဖြစ်ချင်တာပေါ့လို့…မရတော့ဘူး မန်းနေ့ခ်ျမန့် သင်တန်းတက်စရာမလိုတော့ဘူး TVလေးကြည့်ရုံနဲ့ ငွေရမဲ့လက်ကွက်တွေ ကျွမ်းနေပြီ….

အိုင် ဝမ့် ထူ စေး ဝေါင်း ဝေါင်း ဝေါင်း နော်” ဆိုပြီး ရေးသားထားတာကိုတွေ့ရပါတယ်။
လားဒင့်ထားရီ ကတော့ အိုင်ဒီယာကောင်းကောင်းနဲ့ အခုလို သရော်လိုက်တာလည်းဖြစ်ပါတယ် ။ ပရိသတ်ကြီးလည်း လားဒင့် ရဲ့ ထေ့လုံးတွေအတွက် မှတ်ချက်ကနေပြောပြခဲ့ကြပါဦး ။
Source – Dint htar Yi

မှတ်ချက်များ