Zawgyiျဖင့္ဖတ္ရန္
မိုင္းမိုင္ဆိုင္းကေတာ့ Myanmar Idol သီခ်င္းဆိုၿပိဳင္ပြဲႀကီးကို Season (2) တဲ့ (၂၀၁၇)ခုႏွစ္ကဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့တဲ့ ၿပိဳင္ပြဲဝင္တစ္ေယာက္ပဲျဖစ္ပါတယ္။မိုင္းမိုင္ဆိုင္းကေတာ့ မေန႕ညက Result Show ပြဲမွာ
ဒီတစ္ေခါက္ပြဲစဥ္ရဲ႕ အေတာ္ဆံုးလို႕ထင္ရတဲ့ ေအးျမျဖဴနဲ႕ အက္စတာတို႕ ႏွစ္ေယာက္ Bottomထိုင္ခဲ့ရတာနဲ႕ ပတ္သတ္ၿပီး “စိတ္ပူရတဲ့သူကို fan ေတြကအားထည့္ၾကမွာဘဲ

။ေကာင္းတယ္ လံုး၀save မွာဘဲ စိတ္ခ်တယ္ ဆိုၿပီး သူသူကိုယ္ကိုယ္အေတြးေတြနဲ႔ ေပါ့လိုက္လို႔ ျဖစ္တာ”ဆိုၿပီး သူ႕ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေနေဖာ္ျပထားပါတယ္။
မိုင္းမိုင္ဆိုင္းကေတာ့ သူကိုယ္တိုင္ၿပိဳင္ပြဲဝင္တစ္ေယာက္အေနနဲ႕ ယွဥ္ၿပိဳင္ေနစဥ္ကာလတုန္းကလည္း အဆင္မေျပျဖစ္ခဲ့ေပမဲ့ သူ႕ရဲ႕ Fan ေတြကတအားစိတ္ပူၿပီး အားထည့္ Vote ေပးခဲ့တာေၾကာင့္ ေနာက္တစ္ဆင့္ကို တက္လွမ္းႏိုင္ခဲ့ဖူးတယ္ဆိုတဲ့
အေၾကာင္းကိုေျပာျပထားၿပီး ကိုယ္အားေပးတဲ့ သူက ဒီတပတ္မွာ သီဆိုယွဥ္ၿပိဳင္မႈေကာင္းတယ္ စိတ္ခ်ရတယ္ဆိုၿပီး ေပါ့ေပါ့စစအေနၾကဖို႕ကိုလည္း ကိုယ္ေတြ႕အျဖစ္အပ်က္ေလးကို ဥပမာျပကား သတိေပးေျပာၾကားထားပါေသးတယ္။
ဒါေတြအျပင္ မိုင္းမိုင္ဆိုင္းက “plus business ပါဆို။သူဒီအပတ္အရမ္းေကာင္း တာ အားနာစရာသနားစရာဆိုၿပီး စီးပြားေရးသမားေတြက save ေပးမွာမဟုတ္ဘူး။သူတို႔ ကုန္ထားတာ ရင္းထားတာ လည္းမနည္းမေနာေလ။
သိန္းကို သိန္းနဲ႔ခ်ီၿပီးထိရင္းထားရတာ။ ဘယ္သူ႔ကိုမွအားနာမွာမဟုတ္ဘူူး။ဘယ္သူေတြဆဲဆဲအစီစဥ္တိုင္းသြားေနမွာဘဲ။အရည္အခ်င္းက top ၁၁ ေယာက္လံုးရွိၿပီးသား။သဘာရွိ ပညာရွိ ဝါရွိသူေတြကေသခ်ာစီစစ္ေရြးခ်ယ္ခ့ဲၿပီးသား။
ခုက အေရအတြက္ျပန္ၾကည့္တဲ့သေဘာဘဲ။ဒါပါဘဲ။စီးပြားေရးဆန္တယ္မေျပာရမနာရ။ခုသူတို႔အတြက္စီးပြားေရးအပိုင္းေရာက္ေနၿပီေလ။အရည္အခ်င္းကို သူတို႔ေငြေတြရင္းၿပီးေရြးၿပီးၿပီ။
အေရအတြက္ေငြေတြကို အရည္အခ်င္းရင္းၿပီး ျပန္ယူမယ္။ ဒီသေဘာပါဘဲ။ အရည္အခ်င္း + အေရအတြက္= winner”လို႕လည္း ေဖာ္ျပထားပါေသးတယ္။
Unicode ဖြင့်ဖတ်ရန်
မိုင်းမိုင်ဆိုင်းကတော့ Myanmar Idol သီချင်းဆိုပြိုင်ပွဲကြီးကို Season (2) တဲ့ (၂၀၁၇)ခုနှစ်ကဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲဝင်တစ်ယောက်ပဲဖြစ်ပါတယ်။မိုင်းမိုင်ဆိုင်းကတော့ မနေ့ညက Result Show ပွဲမှာ
ဒီတစ်ခေါက်ပွဲစဉ်ရဲ့ အတော်ဆုံးလို့ထင်ရတဲ့ အေးမြဖြူနဲ့ အက်စတာတို့ နှစ်ယောက် Bottomထိုင်ခဲ့ရတာနဲ့ ပတ်သတ်ပြီး “စိတ်ပူရတဲ့သူကို fan တွေကအားထည့်ကြမှာဘဲ
။ကောင်းတယ် လုံးဝsave မှာဘဲ စိတ်ချတယ် ဆိုပြီး သူသူကိုယ်ကိုယ်အတွေးတွေနဲ့ ပေါ့လိုက်လို့ ဖြစ်တာ”ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားပါတယ်။
မိုင်းမိုင်ဆိုင်းကတော့ သူကိုယ်တိုင်ပြိုင်ပွဲဝင်တစ်ယောက်အနေနဲ့ ယှဉ်ပြိုင်နေစဉ်ကာလတုန်းကလည်း အဆင်မပြေဖြစ်ခဲ့ပေမဲ့ သူ့ရဲ့ Fan တွေကတအားစိတ်ပူပြီး အားထည့် Vote ပေးခဲ့တာကြောင့် နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့ဖူးတယ်ဆိုတဲ့
အကြောင်းကိုပြောပြထားပြီး ကိုယ်အားပေးတဲ့ သူက ဒီတပတ်မှာ သီဆိုယှဉ်ပြိုင်မှုကောင်းတယ် စိတ်ချရတယ်ဆိုပြီး ပေါ့ပေါ့စစအနေကြဖို့ကိုလည်း ကိုယ်တွေ့အဖြစ်အပျက်လေးကို ဥပမာပြကား သတိပေးပြောကြားထားပါသေးတယ်။
ဒါတွေအပြင် မိုင်းမိုင်ဆိုင်းက “plus business ပါဆို။သူဒီအပတ်အရမ်းကောင်း တာ အားနာစရာသနားစရာဆိုပြီး စီးပွားရေးသမားတွေက save ပေးမှာမဟုတ်ဘူး။သူတို့ ကုန်ထားတာ ရင်းထားတာ လည်းမနည်းမနောလေ။
သိန်းကို သိန်းနဲ့ချီပြီးထိရင်းထားရတာ။ ဘယ်သူ့ကိုမှအားနာမှာမဟုတ်ဘူူး။ဘယ်သူတွေဆဲဆဲအစီစဉ်တိုင်းသွားနေမှာဘဲ။အရည်အချင်းက top ၁၁ ယောက်လုံးရှိပြီးသား။သဘာရှိ ပညာရှိ ဝါရှိသူတွေကသေချာစီစစ်ရွေးချယ်ခဲ့ပြီးသား။
ခုက အရေအတွက်ပြန်ကြည့်တဲ့သဘောဘဲ။ဒါပါဘဲ။စီးပွားရေးဆန်တယ်မပြောရမနာရ။ခုသူတို့အတွက်စီးပွားရေးအပိုင်းရောက်နေပြီလေ။အရည်အချင်းကို သူတို့ငွေတွေရင်းပြီးရွေးပြီးပြီ။
အရေအတွက်ငွေတွေကို အရည်အချင်းရင်းပြီး ပြန်ယူမယ်။ ဒီသဘောပါဘဲ။ အရည်အချင်း + အရေအတွက်= winner”လို့လည်း ဖော်ပြထားပါသေးတယ်။
Credit: MMsport Myanmar

မှတ်ချက်များ