အင္တာဗ်ဴးေျဖတုိင္းမူးတယ္အေျပာခံရတာကုိတံု႔ျပန္္လိုက္တဲ့ Mary




Zawgyiျဖင့္ဖတ္ရန္

ပါးေဖာင္းေဖာင္းေလးနဲ႔ ခ်စ္စရာေကာင္းတဲ့ Mary ဟာ Lil’z ရဲ႕ မငိုပါနဲ႔ေတာ့ သီခ်င္းနဲ႔ ပရိသတ္ေတြသတိထားမိလာၿပီး ဝဲ သီခ်င္းနဲ႔ ပရိသတ္အခိုင္အမာတည္ေဆာက္ထားႏိုင္ခဲ့သူတစ္ဦးျဖစ္ပါတယ္။ Mary က မၾကာခင္ကပဲ Midnight Thought ဆိုတဲ့ Album ေလးထြက္ထားၿပီး ပရိသတ္အားေပးမႉရ႐ွိခဲ့ပါတယ္။ ထူးျခားတဲ့ဟန္ပန္ေလးေတြနဲ႔ ရွားပါးတဲ့ သီခ်င္းသီဆိုပံုေတြေၾကာင့္ ပရိသတ္ေတြက Mary ကို အသည္းယားၿပီးဝိုင္းခ်စ္ေနၾကတယ္ဆိုရင္လည္းမမွားပါဘူး။


Mary က လက္႐ွိမွာ သ႐ုပ္ေဆာင္ဘက္ကို ကူးေျပာင္းဖို႔လည္းေျခလွမ္းစေနၿပီျဖစ္ၿပီး ဝါရင့္သ႐ုပ္ေဆာင္ေတြျဖစ္တဲ့ ေက်ာ္ေက်ာ္ဗိုလ္၊ ပိုင္ၿဖိဳးသုတို႔နဲ႔အတူဇာတ္ကား႐ိုက္ဖို႔႐ွိတယ္လို႔သိရတာေၾကာင့္ပရိသတ္ေတြက Mary ရဲ႕ သ႐ုပ္ေဆာင္မႉေတြကို ၾကည့္ရႉအားေပးဖို႔ ေစာင့္ဆိုင္းေနၾကတာလည္းျဖစ္ပါတယ္။


ခ်စ္စရာေကာင္းတဲ့ Mary ေလးကေတာ့ အင္တာဗ်ဴးေတြေျဖရာမွာလည္း ဟန္ေဆာင္မႈကင္းျပီးအရွိအတိုင္းပြင့္ပြင့္လင္းလင္းေျဖတတ္တာေလးေတြေၾကာင့္လည္းပရိသတ္ကဝုိင္းခ်စ္ေနၾကရတာပါ။ Mary ကမၾကာေသးမီက အင္တာဗ်ဴး video ေလးတစ္ခုမွာ တစ္ေန႔တစ္ေန႔ဘာစားရမလဲပဲေတြးျပီးေပ်ာ္ေနရတဲ့အေၾကာင္းလည္း ပါးေဖာင္းေဖာင္းေလးနဲ႔ ခ်စ္စဖြယ္ေျဖခဲ့ျပီး အဲဒီ video ေလးကလည္း ပရိသတ္ေတြၾကားမွာပ်ံ႕နွံ႕ေနခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ေနာက္ထပ္ အင္တာဗ်ဴး video ေလးတစ္ခုထဲဲမွာလည္း Mary က မူးေနတဲ့ပံုနဲ႔တူတယ္ဆိုျပီး ပရိသတ္ေတြက ခ်စ္စနိုးနဲ႔ share ထားတာေတြ၊ ျပန္လည္စေနာက္ထားတာေတြကုိေတြ႕ရပါတယ္။


အျမဲတမ္း မူးေနတဲ့ပံုနဲ႔တူတယ္လို႔အစခံေနရလို႔ Mary တစ္ေယာက္ စိတ္ေကာက္လာခ်င္ပံုပါပဲ။ ျပီးခဲ့တဲ့ ရက္က Mary ကHeineken Myanmar နဲ႔ Joox Myanmar တို႔ကအတူတူက်င္းပတဲ့ ပါတီပြဲကိုတက္္ေရာက္ခဲ့တဲ့ဓာတ္ပံုေလးေတြကုိ သူမရဲ႕ လူမႈကြန္ယက္မွာတင္ထားခဲ့ပါတယ္။ အဲဒီပံုေလးေတြထဲမွာ Mary က ေရႊေရာင္ဝတ္စံုေလးနဲ႔ နတ္သမီးေလးတစ္ပါးအလားလွေနခဲ့ျပီး ကင္မရာကုိ မိုက္ၾကည့္ၾကည့္ေနတဲ့ ပံုေလးတစ္ပံုရဲ႕ caption မွာ Mary က “မမူးလည္း interview ေျဖတုိင္းအျမဲမူးတယ္လို႔အေျပာခံရေသာအခါ”ဆိုတဲ့ caption ေလးနဲ႔ ပရိသတ္ကုိ ျပန္စထားခဲ့တာေတြ႕ရပါတယ္။ ပရိသတ္ေတြက Mary ရဲ႕ အဲဒီဓာတ္ပံုေလးကုိ အသည္းေတြယားျပီီး ဝိုင္္း share ေနၾကတာလည္းေတြ႕ရပါတယ္။


ေျပာခ်င္လြန္းလို႔႔ပရိသတ္ၾကီးအတြက္ Mary ရဲ႕အရမ္းကုိခ်စ္ဖို႔ေကာင္းတဲ့ ဓာတ္ပံုေလးေတြကုိေဖာ္ျပေပးလိုက္ပါတယ္ေနာ္။ ပရိသတ္ၾကီးေရာ Mary ကုိ ခ်စ္ၾကလား။ Mary ရဲ႕ ေနာက္ထပ္ထြက္မယ့္သီခ်င္းေတြကုိေရာ ခံစားနားဆင္အားေပးဖို႔အသင့္ပဲလား။ Mary ေလး အနုပညာေတြအမ်ားၾကီးလုပ္နိုင္ေစဖို႔ ဆုမြန္ေကာင္္းေတြေတာင္းေပးခဲ့ၾကပါဦး။


Unicode ဖြင့်ဖတ်ရန်



ပါးဖောင်းဖောင်းလေးနဲ့ ချစ်စရာကောင်းတဲ့ Mary ဟာ Lil’z ရဲ့ မငိုပါနဲ့တော့ သီချင်းနဲ့ ပရိသတ်တွေသတိထားမိလာပြီး ဝဲ သီချင်းနဲ့ ပရိသတ်အခိုင်အမာတည်ဆောက်ထားနိုင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ Mary က မကြာခင်ကပဲ Midnight Thought ဆိုတဲ့ Album လေးထွက်ထားပြီး ပရိသတ်အားပေးမှူရရှိခဲ့ပါတယ်။ ထူးခြားတဲ့ဟန်ပန်လေးတွေနဲ့ ရှားပါးတဲ့ သီချင်းသီဆိုပုံတွေကြောင့် ပရိသတ်တွေက Mary ကို အသည်းယားပြီးဝိုင်းချစ်နေကြတယ်ဆိုရင်လည်းမမှားပါဘူး။


Mary က လက်ရှိမှာ သရုပ်ဆောင်ဘက်ကို ကူးပြောင်းဖို့လည်းခြေလှမ်းစနေပြီဖြစ်ပြီး ဝါရင့်သရုပ်ဆောင်တွေဖြစ်တဲ့ ကျော်ကျော်ဗိုလ်၊ ပိုင်ဖြိုးသုတို့နဲ့အတူဇာတ်ကားရိုက်ဖို့ရှိတယ်လို့သိရတာကြောင့်ပရိသတ်တွေက Mary ရဲ့ သရုပ်ဆောင်မှူတွေကို ကြည့်ရှူအားပေးဖို့ စောင့်ဆိုင်းနေကြတာလည်းဖြစ်ပါတယ်။


ချစ်စရာကောင်းတဲ့ Mary လေးကတော့ အင်တာဗျူးတွေဖြေရာမှာလည်း ဟန်ဆောင်မှုကင်းပြီးအရှိအတိုင်းပွင့်ပွင့်လင်းလင်းဖြေတတ်တာလေးတွေကြောင့်လည်းပရိသတ်ကဝိုင်းချစ်နေကြရတာပါ။ Mary ကမကြာသေးမီက အင်တာဗျူး video လေးတစ်ခုမှာ တစ်နေ့တစ်နေ့ဘာစားရမလဲပဲတွေးပြီးပျော်နေရတဲ့အကြောင်းလည်း ပါးဖောင်းဖောင်းလေးနဲ့ ချစ်စဖွယ်ဖြေခဲ့ပြီး အဲဒီ video လေးကလည်း ပရိသတ်တွေကြားမှာပျံ့နှံ့နေခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင်နောက်ထပ် အင်တာဗျူး video လေးတစ်ခုထဲမှာလည်း Mary က မူးနေတဲ့ပုံနဲ့တူတယ်ဆိုပြီး ပရိသတ်တွေက ချစ်စနိုးနဲ့ share ထားတာတွေ၊ ပြန်လည်စနောက်ထားတာတွေကိုတွေ့ရပါတယ်။


အမြဲတမ်း မူးနေတဲ့ပုံနဲ့တူတယ်လို့အစခံနေရလို့ Mary တစ်ယောက် စိတ်ကောက်လာချင်ပုံပါပဲ။ ပြီးခဲ့တဲ့ ရက်က Mary ကHeineken Myanmar နဲ့ Joox Myanmar တို့ကအတူတူကျင်းပတဲ့ ပါတီပွဲကိုတက်ရောက်ခဲ့တဲ့ဓာတ်ပုံလေးတွေကို သူမရဲ့ လူမှုကွန်ယက်မှာတင်ထားခဲ့ပါတယ်။ အဲဒီပုံလေးတွေထဲမှာ Mary က ရွှေရောင်ဝတ်စုံလေးနဲ့ နတ်သမီးလေးတစ်ပါးအလားလှနေခဲ့ပြီး ကင်မရာကို မိုက်ကြည့်ကြည့်နေတဲ့ ပုံလေးတစ်ပုံရဲ့ caption မှာ Mary က “မမူးလည်း interview ဖြေတိုင်းအမြဲမူးတယ်လို့အပြောခံရသောအခါ”ဆိုတဲ့ caption လေးနဲ့ ပရိသတ်ကို ပြန်စထားခဲ့တာတွေ့ရပါတယ်။ ပရိသတ်တွေက Mary ရဲ့ အဲဒီဓာတ်ပုံလေးကို အသည်းတွေယားပြီး ဝိုင်း share နေကြတာလည်းတွေ့ရပါတယ်။


ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက် Mary ရဲ့အရမ်းကိုချစ်ဖို့ကောင်းတဲ့ ဓာတ်ပုံလေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးရော Mary ကို ချစ်ကြလား။ Mary ရဲ့ နောက်ထပ်ထွက်မယ့်သီချင်းတွေကိုရော ခံစားနားဆင်အားပေးဖို့အသင့်ပဲလား။ Mary လေး အနုပညာတွေအများကြီးလုပ်နိုင်စေဖို့ ဆုမွန်ကောင်းတွေတောင်းပေးခဲ့ကြပါဦး။


Credit: Burmese Asia 

မှတ်ချက်များ