ဂျပန်အစိုးရ အကူအညီဖြင့် ဆိပ်ခံတံတားသစ် ဒလတွင် တည်ဆောက်

ပန်းဆိုးတန်း-ဒလ ခရီးသည်တင် ရေယာဉ်များအတွက် ဂျပန်အစိုးရ အကူအညီဖြင့် ဆိပ်ခံ တံတားသစ် တည်ဆောက်ရေးနှင့် ပြန်လည်ပြုပြင် တည်ဆောက်ရေး လုပ်ငန်းများကို ဒလဘက်ခြမ်း တွင် ပြုလုပ်တည်ဆောက် သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာနမှ သိရသည်။

ယင်းသို့ဆိပ်ခံတံတားသစ် တည်ဆောက်ရေးနှင့် ပြန် လည်ပြုပြင် တည်ဆောက်ရေး လုပ်ငန်း များကို ယခုနှစ်တွင် အပြီးတည်ဆောက် သွားမည်ဖြစ်ပြီး ခန့်မှန်းကုန်ကျငွေမှာ အမေရိကန် ဒေါ်လာ ၃ သန်းကုန်ကျမည် ဖြစ်ကြောင်းနှင့် လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ရှေ့ပြေးစီမံကိန်းအတွက်ပန္နက်တော် တင် အခမ်းအနားကို မတ် ၁၂ ရက်ကကျင်းပ ခဲ့  ကြောင်း သိရသည်။

''ဆိပ်ခံဗောတံတား နှစ်စင်း ဆောက်မှာပါ။ အတက်တစ်ဆင်း၊ အဆင်းတစ်စင်း ဖြစ်ပါတယ်။ ဂျပန်က ကူညီပြီး ဆောက်ပေးမှာပါ။ ဒါ့အပြင် ဂျပန်နိုင်ငံက ပန်းဆိုးတန်း-ဒလကူးတို့ အတွက် သင်္ဘောအသစ် သုံးစင်း ကူညီထားပါသေးတယ်'' ဟု ပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ဒလဆိပ်ခံ တံတားသည် ခရီးသည်အတက်၊ အဆင်းအတွက် တံတားတစ် စင်းသာရှိ၍ ခရီးသည်တင် ရေယာဉ်ရောက်ရှိ လာပါက အတက်ခရီး သည်များကို ဦးစား ပေးကာ အဆင်း ခရီးသည်များမှာ စောင့်ဆိုင်း နေကြရသောကြောင့် အတက်၊ အဆင်း ကြန့်ကြာလျက် ရှိကြောင်းနှင့် ထို့ကြောင့် အတက်အဆင်း မြန်ဆန်စေရန်အတွက် တံတားအသစ်ထပ်မံ တည်ဆောက်ခြင်း ဖြစ်ပြီး ဒလ ဆိပ်ခံဗော တံတားများနှင့် ခရီးသည်နားနေ ဆောင်များကို တည်ဆောက်ခြင်း ဖြစ်ကြောင်းသိရသည်။

Myawady News

မှတ်ချက်များ