ဆေးကျောင်းသားတစ်ဦးပျောက်ဆုံးနေသဖြင့် ၎င်း၏သတင်းကို မိဘပြည်သူများမှလည်းရရှိပါက သတင်းပေးကူညီစေလိုပါကြောင်း မိသားစုနှင့် ရဲတပ်ဖွဲ့မှမေတ္တာရပ်ခံခြင်း

၂၃.၃.၂၀၁၄ရက်နေ့ ၂၃၃၀အချိန်တွင် ဗိုလ်တထောင်မြို့နယ်၊(၉)ရပ်ကွက်၊ (၄၆)လမ်း၊ အမှတ်(၁၀)၊ အခန်းအမှတ်(၃၀၂)နေ ဦးရမ်ဇာဝါးမှ ၎င်း၏ အတူနေသားဖြစ်သူ မောင်ဇော်မြတ်ထွဋ်၊ (၂၁)နှစ်၊ ၁၂/ဗတထ(နိုင်) ၀၄၄၃၄၈၊ နောက်ဆုံးနှစ် အပိုင်း(က)၊ဆေးတက္ကသိုလ်(၁)ကျောင်းသားမှာ
ပျောက်ဆုံးနေကြောင်းနှင့် စုံစမ်းရှာဖွေပေးပါရန်တန်းချက်အရ ဗိုလ်တထောင်မြို့မရဲစခန်း လူပျောက်အ မှတ်စဉ်(၃/၂၀၁၄)ဖြင့်ဖွင့်လှစ်ကာ စုံစမ်းဆောင်ရွက်လျက်ရှိပါသည်။

၎င်းသည်၂၀.၃.၂၀၁၄ရက်နေ့၀၈၃၀အချိန်တွင် နေအိမ်မှ ဗဟိုအမျိုးသမီးဆေးရုံ သို့လက်တွေ့ဆင်းရန်သွားမည်ဟုပြောပြီး ထွက်သွားရာမှပြန်မလာ ဘဲပျောက်ဆုံးနေခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ဖော်ပြပါဓါတ်ပုံမှာ ပျောက်ဆုံးသူအမျိုးသားဖြစ်ပြီး ၎င်းတွင် အမှတ်အသား အဖြစ် လည်ပင်း၌မှဲ့(၁)လုံးရှိကာ အရပ်မှာ ၅ပေ ၄လက်မခန့်ရှိကြောင်း သိရှိရပါသည်။

အဆိုပါလူပျောက်မှုနှင့်ပတ်သက်၍ ဗိုလ်တထောင်မြို့နယ် ရဲတပ်ဖွဲ့မှစုံစမ်းရှာဖွေလျက် ရှိပြီး အမြန်စုံစမ်းတွေ့ရှိနိုင်ရေး မိဘပြည်သူများမှလည်း ၎င်းနှင့်ပတ်သက်သည့် သတင်းများ ရရှိပါက အောက်ပါဖုန်းနံပါတ်များသို့ဆက်သွယ်သတင်းပေးခြင်းဖြင့် ကူညီပေးစေလိုပါကြောင်း
၎င်း၏မိသားစုနှင့် ရဲတပ်ဖွဲ့မှမေတ္တာရပ်ခံဖော်ပြအပ်ပါသည်-

ဖုန်းနံပါတ်
၀၁- ၂၃၀၀၇၄၇ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊
၀၁- ၂၀၁၇၆၁ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊
၀၁- ၂၉၁၈၈၆ ဗိုလ်တထောင်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊
၀၁- ၂၉၁၈၇၄ ဗိုလ်တထောင်မြို့မရဲစခန်း၊

Yangon Police

မှတ်ချက်များ