၂၅.၃.၂၀၁၄ရက်နေ့၁၅၄၅အချိန်တွင်သာကေတနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည်သင်္ဃန်းကျွန်းစံပြဆေးရုံသို့ လူတစ်ဦးသေဆုံးရောက်ရှိလာကြောင်း မှုခင်းရဲမှအကြောင်းကြားချက်အရ သွားရောက်စစ်ဆေးရာ
သေဆုံးသူမှာ ကိုမျိုးသန့်၊ (၃၃)နှစ်၊ ဆေးသုတ်၊(ဘ)ဦးစိန်ဝေ၊ သင်္ဃန်းကျွန်း မြို့နယ်နေသူဖြစ်ပြီး ၎င်းအား ပြင်ပဒဏ်ရာမတွေ့ရှိဘဲ သေဆုံးနေသည်ကိုစစ်ဆေးတွေ့ရှိရပါသည်။
ဖြစ်စဉ်အားစုံစမ်းရာ သေဆုံးသူသည် ၁၅၀၀အချိန်ခန့်က သာကေတမြို့နယ်၊ (၉)ရပ်ကွက်၊ န၀ရတ်လမ်းကျယ်ရှိ ပုညရာမကျောင်းတိုက် (၃)ထပ်
ကျောင်းဆောင်အပေါ်ထပ် ၀ရန်တာဘေး နံရံအား ဆေးသုတ်နေစဉ် ရုတ်တရက် အတက်ရောဂါဖြစ်ပွား၍ ၀ရန်တာပေါ်သို့ပြုတ် ကျခြင်းဖြစ်ကြာင်းနှင့် ၎င်း သည် ယခင်ကလည်း အတက်ရောဂါဖြင့် မကြာခဏတက်ဖူးကြောင်း ကို ၎င်းနှင့်အလုပ်အတူလုပ်ကိုင်သူ ကိုကျော်စိုး၊ (ဘ)ဦးဝင်းလှိုင်၊ သင်္ဃန်းကျွန်းမြို့နယ်နေသူ၏ပြောပြချက်အရ သိရှိခဲ့ရပါသည်။
ကိုမျိုးသန့်၏ အလောင်းအား သင်္ဃန်းကျွန်းစံပြဆေးရုံမှတစ်ဆင့်မြောက်ဥက္ကလာပဆေးရုံသို့ ပို့အပ်ပြီး သာကေတနယ်မြေရဲစခန်းသေမှုသေခင်း အမှတ်စဉ် (၃/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စုံစမ်းစစ်ဆေး
လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

မှတ်ချက်များ