ထိုင်း - မြန်မာ နယ်စပ်ဒေသ မြို့လေးဖြစ်သည့် တာချီလိတ်မြို့ရှိ လူတန်းစား အလွှာအသီးသီးတို့သည် နည်းမျိုးစုံဖြင့် အသက်မွေးဝမ်းကျောင်းကြသည့်အနက် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဘက်မှ ကုန်ပစ္စည်းများ ကို မြန်မာနိုင်ငံ တာချီလိတ်ဘက်သို့ ကားကြီး၊ ကားငယ်၊ သုံးဘီး စသည့် ယာဉ်များဖြင့် သယ်ယူ ပို့ဆောင်ကြသည့် အလုပ်အကိုင်များလည်း လုပ်ကိုင်လျှက်ရှိရာ ယနေ့ မတ်လ(၂၉)ရက် နံနက်ပိုင်းက ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဘက်ရှိ အမှတ်(၁) ချစ်ကြည်ရေး တံတားထိပ်တွင် ကုန်ပစ္စည်းများကို သုံးဘီး ယာဉ်နှင့်မမျှပဲ သယ်ဆောင်လာသည့်အတွက် အဆိုပါ တံတားထိပ်မှာပင် ပစ္စည်းများ လန်ကျ မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
 |
| ဓါတ်ပုံ။ ။ ဦးထွန်း(မယ်ဆိုင်) |
ယခုဖြစ်ပွားသော ထိုင်းဘက်ရှိ အမှတ်(၁) ချစ်ကြည်ရေးတံတားအ၀င် လမ်းသည် ကုန်ပစ္စည်းများ သယ်ဆောင်လာသည့် ယာဉ်များအဖို့ ယခုလို ကုန်ပစ္စည်းများ လန်ကျမှုနှင့် သုံးဘီးဆိုင်ကယ် ဘီးထောင်မှုများ မကြာခဏ ဆိုသလို ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။
"တစ်ချို့ကလည်း ထိုင်းနိုင်ငံဘက်မှာ ရဲကြေး၊ ဌာနဆိုင်ရာကြေးစတဲ့ အခွန်အခတွေ ပေးရတာများတော့ သူတို့ ပေးရတဲ့ အခွန်အခတွေနဲ့ တန်အောင်ရယ် အခေါက်ကြေးပိုရအောင်ဆိုပြီး ၀န်မနိုင်ပဲ သယ်ကြတာလို့ မြင်တယ်"ဟု မယ်ဆိုင်မြို့ မြန်မာနိုင်ငံသား ဈေးသည်တစ်ဦးမှလည်း တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။
"အခုလို ဖြစ်ပွားတော့ တံတားထိပ်မှာ ရှိတဲ့ အချို့ထိုင်းရဲတွေက မသိယောင်ပဲ ဆောင်ပေးကြတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ကို အခွန်အခတွေ ပေးထားလို့လေ"ဟု မြန်မာနိုင်ငံသား တစ်ဦးမှလည်း တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။
မှတ်ချက်များ