ဒီဖြစ်ရပ်လေးဟာ Facebook ပေါ်က ဖြစ်ရပ်မှန်အဖြစ်အပျက်လေးတစ်ခုပါ။Facebook သုံးစွဲသူ သမီးပျိုလေးများ အနေနဲ့ သတိပြုဆင်ခြင်နိုင်ဖို့ အရေးကြီးပါတယ်။
ကောင်မလေးနာမည်က Sushmita ပါ။သူမဟာ သူမရဲ့ဓာတ်ပုံတွေကို facebook ပေါ်မှာ တင်ထားပါ တယ်။ လူတစ်ယောက်က သူမဓာတ် ပုံတွေ ကိုကူး ယူထားပြီး သူမနာမည်နဲ့ပဲ အကောင့်အတုတစ် ခုပြုလုပ် လိုက်ပါတယ်။ ပြီးတော့ သူမဟာ ပြည့်တန် ဆာ တစ်ယောက်ဖြစ်ကြောင်း ကြေညာထားပါ တယ်။သူမဟာ သိက္ခာရှိတဲ့ မိသားစုထဲက အမျိုးကောင်း သမီး တစ်ယောက်ပါ။
အဲ့ဒီလူဖြန့်လိုက်တဲ့သတင်းဟာ တစ်မြို့လုံးကိုပျံ့နှံ့သွားပါတော့တယ်။သူမမိသားစုနဲ့ သူမကိုယ်တိုင် အဲ့ဒီသတင်းကိုပြန်ကြားတဲ့အခါမှာ ဒီလို ထိတ်လန့်ဖွယ်သတင်းကို ဘယ်လိုမှ လက်သင့်မခံနိုင်ခဲ့ပါဘူး။ ဒါကြောင့် မိသားစုတစ်စုလုံး တစ်ချိန်ထဲမှာပဲ ကိုယ့်ကိုသတ်သေ လိုက်ကြပါတယ်။
facebook အသုံးပြုသူ အမျိုးသမီးများအနေနဲ့ သတိထားသင့်တာကတော့ သင့်ရဲ့မူရင်း ဓာတ်ပုံအစစ်တွေကို facebook ပေါ်မှာမတင်ပါနဲ့။ တကယ်လို့တင်ထားတယ် ဆိုရင် လည်း သင့်မိတ်ဆွေရင်းတွေ သာ မြင်နိုင်အောင် ပြုလုပ် ထားပါ။ facebook က သယ်ဆောင်လာမယ့် အန္တရာယ်ကို သိမြင်နိုင်ကြပါစေ။
နှိုင်းရင့်နွေ | Awesome Fact

မှတ်ချက်များ