စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှုကြောင့် ရေနံဝယ်လိုအား မြင့်တက်


နိုင်ငံတကာ စွမ်းအင်အေဂျင်စီ(IEA) ၏ သောကြာနေ့ ပြော ကြားချက်အရ ကမ္ဘာ့စီးပွားရေးအရှိန်အဟုန် တိုးမြင့်လာမှုကြောင့် ကမ္ဘာ့ရေနံဝယ်လိုအားမှာ မျှော်မှန်းထားသည်ထက် မြင့်တက်လာ နိုင်သည်ဟု သိရသည်။

နောက်ဆုံး ရေနံဝယ်ယူမှုနှုန်းထားမှာ တစ်နေ့လျှင် ရေနံစည် ပေပါ ၉၂ ဒသမ ၇ သန်းအထိရှိနေပြီး လွန်ခဲ့သောလနှင့် နှိုင်းယှဉ် လျှင် တစ်နေ့လျှင် ရေနံစည်ပေပါ ၉၅ဝဝဝ အထိ ဝယ်ယူနှုန်း မြင့် တက်ခဲ့သည်ဟု သိရသည်။ ယခုကဲ့သို့ ကမ္ဘာတစ်ဝန်း ရေနံဝယ်လို အား မြင့်တက်လာမှုသည် လေးလမြောက် ဆက်တိုက်မြင့်တက် လာခဲ့ခြင်းဖြစ်သည်။ (IEA) မှ ယခုကဲ့သို့ စွမ်းအင်ဝယ်လိုအား မြင့် တက်လာခြင်းသည် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုအား မြင့်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်ဟု သိရ သည်။

ှု(IEA) သည် ¤င်းတို့၏ လစဉ်ရေနံဈေးကွက် အစီရင်ခံစာတွင် ယူကရိန်းပဋိပက္ခများကြောင့် ရေနံစွမ်းအင် ဝယ်လိုအားမြင့်တက် လာမှုကို ကျဆင်းသွားစေနိုင်သည်ဟု သတိပေးဖော်ပြထားသည် ဟုလည်း သိရှိရသည်။

ှု(IEA) မှ ရေနံဝယ်လိုအား မြင့်တက်လာမှုသည် ယခုနှစ်ကာ လပတ်လုံး
ဆက်လက်မြင့်တက်သွားရန် မျှော်မှန်းထားသည်ဟု သိရှိရပြီး မတ်လ ၃ ရက်တွင် ရေနံဈေးခုန်တက် ခဲ့မှုရှိခဲ့သော်လည်း ယခုအခါ ယူကရိန်းအရေးကိစ္စဖြင့် အနောက်နိုင်ငံများနှင့် ရုရှားတို့ အခြေအနေတင်းမာမှုများရှိနေသည့်တိုင် ရေနံဈေးမှာ ဆက်လက် ငြိမ်သက်လျက်ရှိနေသည်ဟု သိရသည်။

ပါရီ | Yangon Media Group

မှတ်ချက်များ