ကမ္ဘာ့အကြီးဆုံး စားသောက်ဆိုင် လုပ်ငန်းဖြစ်သည့် McDonald သည် ကြာ သပတေးနေ့တွင် အမေရိကန်အလုပ်သမား များ၏ တရားစွဲဆိုမှုဖြင့် ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။
ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့များ တွင် ကယ်လီဖိုးနီးယား၊ မက်ချီကန်နှင့် နယူး ယောက်တို့တွင် အလုပ်သမားများသည် ခြီသညေို ကို ခိုးယူခဲ့သော လုပ်အားခလ စာများ ပြန်လည်ပေးရန် တောင်းဆိုခဲ့ကြ ပြီး တရားစွဲဆိုမှု ပြုလုပ်ခဲ့သည်ဟု အလုပ်
သမားကိုယ်စားလှယ် ရှေ့နေများ၏ ပြော ကြားချက်အရ သိရသည်။
McDonald သည် အလုပ်သမားများ ကို အဓမ္မအချိန်ပိုဆင်းခိုင်းခြင်းနှင့် အချိန် ပိုကြေးပေးရန် ပျက်ကွက်မှုများရှိကာ အစား အစာ စားသောက်ချိန်နှင့် အနားယူချိန်များ အတွက် ခံစားခွင့်များအပေါ်တွင်လည်း ပိတ် ပင်တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲ ခံရလျက်ရှိသည်။
အမေရိကန်ပြည်ထောင်စုရှိ စား သောက်ဆိုင်လုပ်ငန်းများမှ အလုပ်သမား များသည် လုပ်ခလစာ နည်းပါးစွာရရှိမှုအ တွက် လတ်တလောနှစ်များအတွင်း အသင်း အဖွဲ့များ ဖွဲ့စည်းကာ လစာတိုးမြှင့်တောင်း ဆိုမှုများ ပြုလုပ်လာလျက်ရှိသည်။
လွန်ခဲ့သောသြဂုတ်လတွင် နိုင်ငံတွင်း မြို့ပေါင်း ၆ဝ အတွင်းရှိ ခြီသညေို အ ပါအဝင် အခြားသောစားသောက်ဆိုင်များ ရှေ့တွင် အလုပ်သမား ထောင်ပေါင်းများ စွာ ဆန္ဒပြမှုဖြစ်ပွားခဲ့ပြီး အခြေခံလုပ်အား ခအနေဖြင့် အနည်းဆုံး တစ်နာရီ ၁၅ ဒေါ် လာရရှိရန် တောင်းဆိုခဲ့ကြကြောင်း သိရ သည်။
အမေရိကန်သမ္မတ အိုဘားမားသည် လတ်တလောကာလအတွင်း အခြေခံလုပ် အားအနေဖြင့် တစ်နာရီအနည်းဆုံး ၇ ဒသမ ၂၅ ဒေါ်လာမှ ၁ဝ ဒသမ ၁ဝ ဒေါ်လာသို့ တိုးမြှင့်ပေးရန် တွန်းအားပေးလျက် ရှိသော် လည်း လွှတ်တော်အတွင်း အတိုက်အခံ များက ကန့်ကွက်လျက်ရှိသည်ဟု သိရသည်။
Yangon Media Group

မှတ်ချက်များ