မြိတ်မြို့နယ် အတွင်းရှိ ကျေးလက်ဒေသ မီးလင်းရေးအတွက် ဆိုလာမီးများ အခမဲ့ တပ်ဆင်ဆောင်ရွက်

ကျေးလက်ဒေသ မီးလင်းရေးအတွက် မြိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တနင်္သာရီတိုင်း ဒေသကြီး အစိုးရ အဖွဲ့၏ ကြီးကြပ်မှုဖြင့်

မတ် ၂ဝ ရက်မှ စတင်၍ မြိတ်မြို့နယ်အတွင်းရှိ ငါးအင်း ကျေးရွာ၊ မော်စုန်းကျေးရွာ၊ ပျဉ်ကြီးကျေးရွာတို့တွင် ဆိုလာမီးများ အခမဲ့ တပ်ဆင်ခြင်း ဆောင်ရွက် ခဲ့သည်။

အဆိုပါ ဆိုလာမီးမှာ 70 Amp ထုတ်လုပ်နိုင်သည့် ဆိုလာပြားနှင့် ဆက်စပ်ပစ္စည်း တစ်စုံမှ တီဗွီ၊ မီးချောင်းနှစ်ချောင်း၊ မီးလုံးတစ်လုံး လျှပ်စစ်မီး ထုတ်ယူ အသုံးပြုနိုင်သည်။

၎င်းဆိုလာမီးများကို ကျေးလက်နေ ပြည်သူများ မီးရရှိစေရေးအတွက် အခမဲ့ တပ်ဆင်ပေးခဲ့ရာ ငါးအင်းကျေးရွာရှိ အိမ်ခြေ ၁၂၆ အိမ်၊ မော်စုန်းကျေးရွာရှိ အိမ်ခြေ ၁ဝ၂ အိမ်၊ ပျဉ် ကြီးကျေးရွာရှိ အိမ်ခြေ ၃၂ အိမ်တို့ကို ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေကျပ် ၅ဝ ဒသမ ၆ သန်း အကုန်အကျ ခံ၍ တပ်ဆင် ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Myawady News

မှတ်ချက်များ