ကွန်ပျူတာ နှင့် ဖိုင်များ ကူးပြောင်းရန် အတွက် အသုံးပြု ကြသည့် USB Stick များနေရာတွင် dataSTICKIES ဒေတာကပ်ခွာများ အစားထိုး ၀င်ရောက် လာမည် ဖြစ်သည်။ သိပ္ပံ ပညာရှင် များက မှတ်စုကပ်ခွာ နှင့် ဆင်တူသည့် dataSTICKIES Device ကို တီထွင် နေလျက် ရှိသည်။ dataSTICKIES ကို ကွန်ပျူတာပေါ်တွင် ကပ်လိုက် သည်နှင့် ဒေတာများ ကူးပြောင်း နိုင်မည် ဖြစ်သည်။
ပါးလွှာသည့် ဒေတာကပ်ခွာ များကို dataSTICKIES ဟု အမည်ပေး ထားပြီး မှတ်စုကပ်ခွာ ကဲ့သို့ပင် တစ်ခုအပေါ် တစ်ခုထပ်ပြီး သိမ်းထား နိုင်မည် ဖြစ်သည်။ လိုအပ်သည့် အချိန်တွင် ခွာပြီး အသုံးပြုရမည် ဖြစ်သည်။
dataSTICKIES များကို Carbom Atoms များ၏ အလွှာတစ်ထပ် ဖြင့် ပြုလုပ်ထားသော အလွန် မာကြောသည့် အရာဝတ္ထုဖြင့် ပြုလုပ် ထားသည်။ 32 GB အထိ ၀င်ဆန့်သည့် ဒေတာကပ်ခွာများ ထုတ်လုပ်မည် ဖြစ်သည်။ အဆိုပါ နည်းပညာကို တီထွင် နေဆဲ ဖြစ်သော်လည်း တွင်ကျယ်စွာ အသုံးပြု နေသည့် USB Stick များ၏ နေရာတွင် အစားထိုး ၀င်ရောက် လာမည် ဖြစ်သည်။
dataSTICKIES ကို အိန္ဒိယနိုင်ငံ နယူးဒေလီ ရှိ ဒီဇိုင်နာ Aditi Singt နှင့် တက္ကသိုလ် ပါမေက္ခ Parag Anand တို့က တီထွင် နေကြခြင်း ဖြစ်သည်။ ဒေတာကပ်ခွာ များကို အရောင်အသွေး စုံလင်စွာ ထုတ်လုပ် ရောင်းချမည် ဖြစ်ကြောင်း သိရှိရသည်။ (Digital Life 2/46)
Themyawadydaily

မှတ်ချက်များ