WiFi မသုံး၊ ဒေတာ မဖြုန်းဘဲ စာတိုပို့နိုင်မယ့် FireChat App

Apple ရဲ့ iPhone, iPad နဲ့ iPod touch ကိရိယာကို အသုံးပြုသူများ အတွက် WiFi မသုံး၊ ဒေတာ မဖြုန်းဘဲ စာတိုလေးတွေပို့နိုင်မယ့် FireChat App ကို ယနေ့ (မတ်လ ၂ဝ) မှာ FireChat က ထုတ်ဖော်ပြသလိုက်ပါတယ်။

FireChat App ရဲ့အဆိုအရ ဒီ App ကို သုံးစွဲသူတစ်ဦးနှင့် ပေ ၃ဝ အတွင်းရှိ အခြား သုံးစွဲသူတို့ နှစ်ဦးအကြား WiFi နဲ့ ဒေတာကို မသုံးဘဲ စာတိုလေးတွေ ပေးပို့နိုင်မှာ ဖြစ်ပါတယ်။ ဒီအချက်ဟာ အင်တာနက် ကွန်နက်ရှင် ခဏ ခဏ ကျ ကျ တတ်တဲ့ စာရေးသူတို့ ရွှေနိုင်ငံအတွက် အထူးကောင်းမွန်တဲ့ အချက်ဖြစ်ပါတယ်။ ဒီ App ဟာ သုံးစွဲသူနဲ့ စာတိုပို့ဖို့ အနီးအနားမှာ မည်သူ၊ မည်ဝါရှိနေတယ် ဆိုတာကိုလည်း ပြသနိုင်ပါတယ်။ ဒါ့အပြင် ဓာတ်ပုံတွေကိုလည်း တစ်ဦးနဲ့ တစ်ဦး ပေးပို့နိုင်မှာပါ။
ယခုလောလောဆယ်မှာတော့ iOS 7 နဲ့ အထက်ကို အသုံးပြုထားတဲ့ Apple ရဲ့ ကိရိယာများနဲ့သာ တွဲဖက် အသုံးပြုနိုင်ပြီး အခမဲ့ App ဖြစ်ပါတယ်။ Andriod OS သုံး ကိရိယာအတွက်တွေ ထွက်ရှိလာဦးမလားဆိုတာကိုတော့ FireChat က ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။

TZ (MCG)

မှတ်ချက်များ