မိန်းကလေးပရိသတ် အားပေးမှုများနေတဲ့ သန္တာဗိုလ်




မကြာသေးမီက ထွက်ရှိထားသော စီးရီးထဲမှာ “နားလည်ပေးပါ..ကို” သီချင်းမှာ မိန်းကလေးပရိသတ် အားပေးမှုများကြောင်း အဆိုတော်၊ သရုပ်ဆောင် သန္တာဗိုလ်က ပြောသည်။ “မိန်းကလေးပရိသတ်တွေ တော်တော်များများက နားလည်ပေးပါကို သီချင်းလေးကို သဘောကျကြတယ်။ ကိုဖိုးကာရဲ့ အိမ်သီချင်းကိုလည်း သဘောကျကြတယ်”ဟု ၎င်း၏စီးရီးနှင့်ပတ်သက်၍ သန္တာဗိုလ်က ပြောသည်။ အောက်တိုဘာလအတွင်းက MTV Exit ဖျော်ဖြေပွဲများတွင်လည်း ဆရာဖြစ်သူ ဂျွန်လွင်၏ ကမ်းလှမ်းမှုကြောင့် ပါဝင်ဖြစ်ခဲ့ပြီး ယင်းဖျော်ဖြေပွဲများတွင်လည်း ပရိသတ်များက အားပေးကြသည်ဟု ဆိုသည်။

မကြာမီရုံတင်ပြသမည့် “အဖြူရောင်ရဲတိုက်” ရုပ်ရှင်ဇာတ်ကားကြီးတွင် ပါဝင်ရသည့်အခန်း နည်းသော်လည်း ကြိုးစား၍ သရုပ်ဆောင်ထားကြောင်း သန္တာဗိုလ်က ပြောသည်။ “ရုပ်ရှင်ကားကြီးဆိုတော့ ကြောက်လည်းကြောက်တယ်။ စိုးရိမ်စိတ်လည်းရှိတာပေါ့။ ဒါပေမဲ့ ကြိုးစားပြီးတော့ သရုပ်ဆောင်ထားပါတယ်” ဟု ယင်းရုပ်ရှင်ဇာတ်ကား ရိုက်ကူးစဉ်က ခံစားချက်ကို ၎င်းက ပြောသည်။ လတ်တလောတွင် စာမေးပွဲနီးနေသဖြင့် အနုပညာလှုပ်ရှားမှုများကို နားထားကြောင်း သန္တာဗိုလ်က ပြောသည်။

7Day Daily

မှတ်ချက်များ