ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပြီး လူ ၅ ယောက်ထက်ပိုမစုဖို့နဲ့ အကြမ်းဖက်လုပ်ရပ်တွေ မလုပ်ကြဖို့ သက်ဆိုင်ရာက မြို့ပေါ်မှာ လိုက်လံ နှိုးဆော်နေတယ်လို့ စစ်တွေမြို့ နယ်၊ အမှတ် ၂ မဲဆန္ဒနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြတ်ကျော်က ပြောပါတယ်။
စစ်တွေမြို့ပေါ်ရှိ အိုင်အန်ဂျီအိုရုံးတွေကို မတ်လ ၂၇ ရက် မနက်ပိုင်းကစပြီး မြို့ခံတွေက လူစုလူဝေး နဲ့ လိုက်လံဖျက်ဆီးနေကြ တာကြောင့် အခုလို ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက် တာ ဖြစ်ပါတယ်။
စစ်တွေမြို့ပေါ်မှာ အိုင်အန်ဂျီအိုရုံးပေါင်း၅၀ လောက် တည်ရှိပြီး အခုအခါ ရုံးတိုင်းလိုလိုကို လိုက်လံ ဖျက်ဆီးနေ တာလို့လည်း ဦးအောင်မြတ်ကျော် က ပြောပါတယ်။
ဦးအောင်မြတ်ကျော်ကိ ဒီဗွီဘီဝိုင်းတော်သား ကိုရွှေအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။
၂၀၁၂ ရခိုင်ပဋိပက္ခ ဖြစ်ပွားပြီးနောက်ပိုင်း စစ်တွေမြို့မှာ ဒါပထမဆုံးအကြိမ် ပုဒ်မ ၁၄၄ ထုတ်ပြန်တာဖြစ် ပါတယ်။
အသံဖိုင်နားဆင်ရန်
ရွှေအောင် | ဒီဗွီဘီ

မှတ်ချက်များ