မီးလောင်မှုကြောင့် ရှစ်နှစ်ကျော်ကြာ ပိတ်ထားသည့် SKY WALK Shopping Centre ပြန်ဖွင့်မည်

မန္တလေးရတနာပုံဈေး မီးလောင်မှုတွင် ပါဝင်ခဲ့သောကြောင့် ရှစ်နှစ်ကျော်ကြာ SKY WALK Shopping Centre ကို မတ်လ ၂၇ ရက်နေ့ (တပ်မတော်နေ့) တွင် အကြိုဖွင့်လှစ် ရောင်းချသွားမည် ဖြစ်ကြောင်း Man-yadanar Holding Enterprise Co., Ltd. စီမံရေးရာ မန်နေဂျာတစ်ဦးက The Voice သို့ ပြောကြားသည်။

ယင်းနေ့တွင် အကြိုဖွင့်လှစ်ပြီး ဧပြီလကုန်တွင် Grand Opening ဖွင့်ပွဲအခမ်းအနား ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ယင်း SKY WALK Shopping Centre ကို ရတနာပုံဆူပါစင်တာ ပထမထပ်တွင် ဆိုင်ခန်းပေါင်း ၁၅၀ ဖြင့် ဖွဲ့စည်းထားပြီး ပြန်လည် ဖွင့်လှစ်မှုတွင် ကုမ္ပဏီ ဆိုင်ခန်းများ အပါအဝင် မူလဆိုင်ခန်း ပိုင်ရှင်များလည်း ဖွင့်လှစ် ရောင်းချသွားမည် ဖြစ်ကြောင်း အဆိုပါ စင်တာရှိ မူလဆိုင်ခန်းပိုင်ရှင် တစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလ နောက်ဆုံးပတ် အတွင်းက SKY WALK စင်တာ အပါအဝင် ရတနာပုံဈေး မီးလောင်ဆုံးရှုံးမှု ဖြစ်ပွားခဲ့သည်။

The Voice Weekly

မှတ်ချက်များ