မန္တလေးမြို့မှာ မီတာခ မြင့်တက်သွား တာနဲ့ပတ် သက်ပြီး ဒုတိယအကြိမ် ဆန္ဒဖော်ထုတ်ပွဲကို ၂၆လမ်း ၇၇လမ်း နဲ့ ၇၈လမ်ကြားမှာ ပြုလုပ်ဖို့ စီစဉ်ထားပေမယ့် ဆန္ဒပြမှုကို ၂၆လမ်း ပိုက်ကျုံး ထိပ်ကနေ ဖယောင်းတိုင်ထွန်း လမ်းလျှောက်ခဲ့ ကြပြီး ၈၉ လမ်း နဲ့ ၂၆လမ်းထိပ်မှာ ရဲအင်အားများ က ပိတ်ဆို့တားဆီးခဲ့ပါတယ်။ အခုချိန်မှာတော့ ဆန္ဒပြပွဲပြီးစီးသွားပြီး ဖမ်းဆီးခြင်းတော့ မရှိသေးပါ ဘူး။ဆန္ဒထုတ်ဖော်သူတွေဟာ -
၁ စီမံအုပ်ချုပ်မှု ညံ့ဖျင်းသောအစိုးရ (အလိုမရှိ)
၂ အများပြည်သူဆန္ဒနဲ့ဆန့်ကျင်ပြီး လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံခြင်း (အလိုမရှိ)
၃ လျှပ်စစ်မီတာခတိုးမြှင့်ကောက်ခံမှုကြောင့် ပြည်သူ ၃ စားဝတ်နေရေးကြပ်တည်းလာနိင်င်သည်
၎ လျှပ်စစ်မီတာခတိုးမြှင့်ကောက်ခံခြင်း (အလိုမရှိ)
၅လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံခြင်း ချက်ချင်းရပ်ဆိုင်းရေး (ဒို့အရေး)
၆ ၂၄နာရီ လျှပ်စစ်မီးလင်းရေး (ဒို့အရေး)
၇ မြေယာပြဿနာများ၊ လူထုအခက်ခဲများ ဖြေရှင်းပေးရေး (ဖြေရှင်းပေး)
စတဲ့ကြွေးကြော်သံများနဲ့ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
မှတ်ချက်များ