လေထုညစ်ညမ်းမှုကြောင့် ၂၀၁၂ ခုနှစ်တွင် လူ ခုနစ်သန်းခန့်သေဆုံး

ထမင်းဟင်းချက်ခြင်းနှင့် မော်တော်ကားမှ ထွက်သော မီးခိုးငွေ့များကြောင့် ဖြစ် သည့် လေထုညစ်ညမ်းမှု သည် သဘာဝ ပတ်ဝန်းကျင်ကြောင့် ဖြစ်သော ကမ္ဘာ့အဆိုးဝါးဆုံး ကျန်းမာရေး ပြဿနာ ဖြစ်လာပြီး၊ အဆို ပါ လေထု ညစ်ညမ်းမှုကြောင့် ၂၀၁၂ ခုနှစ်တွင် လူခုနစ်သန်း သေဆုံးခဲ့ကြောင်းကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန် ပြောကြားကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

“အိမ်တွင်း လေထုညစ်ညမ်းတာရော၊ အိမ်ပြင်ပလေ ထု ညစ်ညမ်းတာရောက အခုအခါမှာ သဘာဝ ပတ်ဝန်းကျင်ကြောင့်ဖြစ်တဲ့ အကြီးမားဆုံး ကျန်းမာရေး ပြဿနာ ဖြစ်လာပါပြီ၊ ဒီညစ်ညမ်းမှုက ဖွံ့ဖြိုး ဆဲ နိုင် ငံရော၊ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာပါ အကျိုးသက်ရောက်မှု ရှိတယ်” ဟုကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ပြည်သူ ကျန်းမာရေးနှင့် သဘာဝ ပတ်ဝန်း ကျင်ကြောင့် ဖြစ်သော ကျန်းမာရေးဆိုင်ရာ အကြီး အကဲ မာရီယာနီ ရာက ပြောကြားသည်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ သုတေသနအသစ်အရ တစကမ္ဘာလုံး အတိုင်းအတာအရ ကြည့်မည်ဆိုပါက ၂၀၁၂ ခုနှစ်တွင် သေဆုံးသူ ရှစ်ဦးတွင် တစ်ဦးမှာ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှုနှင့် ဆက်စပ်နေသည် ကို တွေ့ရသည်။

သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှုနှင့် ဆက်စပ်၍ သေဆုံးနိုင်သည် ရောဂါ ဖြစ်ပွားမှုများ တွင် နှလုံးရော ဂါ၊ လေသင်တုန်းဖြတ် ရောဂါ၊ အဆုတ်ကင်ဆာ၊ အဆုတ်နှင့် ပတ်သက်သော ရောဂါများ ဖြစ်သည်။

ထို့ပြင် လေထုညစ်ညမ်းမှုကြောင့် မွေးကင်းစကလေးနှင့် ကလေးများကို ထိခိုက်မှုရှိနိုင်ပြီး ရေရှည် အကျိုး ဆက်များ အနေနှင့် မွေးရာပါ ကိုယ်အင်္ဂါ ချွတ်ယွင်းသော ကလေးများ၊ သိမြင်နားလည် နိုင်မှုစွမ်းရည် ချွတ်ယွင်းသောသူများ ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများက ထောက်ပြ ပြောဆိုကြသည်။

တစ်ကမ္ဘာလုံး အနေနှင့် ကြည့်မည် ဆိုပါက ထင်းမီး၊ ကျောက်မီးသွေးမီး၊ တိရစ္ဆာန်မစင် ကို လောင်စာ အဖြစ်သုံး၍ ထမင်း၊ ဟင်းချက်ခြင်းကြောင့်ဖြစ်သော အိမ်တွင်း လေထု ညစ်ညမ်းမှုကြောင့် သေဆုံးသူ ၄ ဒသမ ၃ သန်းရှိပြီး၊ ကျောက်မီးသွေးမီး၊ ကားစသည့် ဒီဇယ်အင်ဂျင် များကြောင့် ဖြစ်သည့် အိမ်ပြင်ပလေထု ညစ်ညမ်းမှုကြောင့် လူ ၃ ဒသန ၇ သန်းသေဆုံးခဲ့ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

ကမ္ဘာ ပေါ်တွင် လေထုညစ်ညမ်းမှု ဖြစ်ပေါ်မှု အများဆုံး ဒေသသည် အိန္ဒိယနှင့် အင်ဒိုနီးရှား အပါအဝင် အရှေ့တောင်အာရှ ဒေသဖြစ်ပြီး၊ တရုတ်မှ ဖလစ်ပိုင်အထိ ပါဝင်သော အနောက်ပစိဖိတ်ဒေသ တို့ ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားသည်။

“မီးဖိုချောင် မီးမွှေးခြင်းနေ ထွက်တဲ့ မီးခိုးငွေ့က စီးကရက်အလိပ် ၄၀၀ လောက်ကို တစ်နာရီလောက် မီးရှို့ထားတာနဲ့ တူတယ်။” ဟု အမေရိကန် ပြည်ထောင်စု ဘာကလေရှိ ကယ်လီဖိုးနီး ယားတက္ကသိုလ်မှ သဘာဝ ပတ်ဝန်းကျင်ကြောင့် ဖြစ်သည့် ကျန်းမာရေးဆိုင်ရာ ပညာရှင် ကာ့ခ်စမတ်က ပြောကြားသည်။

ထို့ပြင် နိုင်ငံတစ်နိုင်ငံသည် သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့် ဖြစ်သော ကျန်းမာရေး ကိစ္စများကြောင့် နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀၀ ကုန်ကျလျက် ရှိကြောင်းကမ္ဘာ့ဘဏ်နှင့် တရုတ်အစိုးရတို့ အင်္ဂါနေ့က ပူးတွဲ ထုတ်ပြန်ချက်အရ သိရသည်။

The Voice Weekly

မှတ်ချက်များ