အဆိုပါ Quad HD မျက်နှာပြင်ကို JDI မှထုတ်လုပ် ပြီး ဖုန်း၏မျက်နှာပြင်တွင် အစိမ်းရောင်အ နည်း ငယ်ပါဝင်သည့် အရောင်ကိုအ သုံးပြုထားသည်။ Oppo သည် ၎င်း၏ N1 စမတ်ဖုန်းကဲ့သို့ Find 7 စမတ် ဖုန်းတွင်လည်း 4.3 Jelly Bean ကို Oppo ၏ custom Color OS Android skin ဖြင့်တွဲဖက်၍ အသုံးပြုထားကြောင်း ကို တွေ့ရသည်။ထို့အပြင်၎င်းတွင် ပါဝင်သည့် 13-megapixel ကင်မရာသည် မြန်ဆန်ပြီး Super Zoom ကဲ့သို့ feature ပါဝင်သောကြောင့် 50 megapixel ရှိဓာတ်ပုံများ ရိုက်ကူးနိုင်သည်။
အခြား feature များအဖြစ် အားသွင်းရာတွင် မြန်ဆန်ခြင်းနှင့် 4K ဗီဒီယိုရိုက်ကူးနိုင်သလို 4K ဓာတ်ပုံများရိုက်ကူးနိုင်သည်။ Oppo သည်ဧပြီလလယ်၌ Find 7 နှင့် Find 7a စမတ်ဖုန်းများကို ဒေါ်လာ ၅၉၉ နှင့် ဒေါ်လာ ၄၉၉ ဖြင့်တစ်ကမ္ဘာလုံးသို့ ဖြန့်ချိသွားမည် ဖြစ်ကြောင်းသိရသည်။
စိုးထက် | CNET
မှတ်ချက်များ