မြောက်ကိုရီးယားနိုင်ငံက တာတိုပစ်ဒုံးကျည် စမ်းသပ်ပစ်ခတ်မှုများ ဆက်လက်ပြုလုပ်
လွန်ခဲ့သည့်တစ်ရက်အတွင်းက တာတိုပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုများကို မြောက်ကိုရီးယားနိုင်ငံက လုပ်ဆောင်ခဲ့ပြီး ဒုံးပျံအရေအတွက် ဒါဇင်နှင့်ချီ၍ ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်ဘက်က ပြောကြားခဲ့သည်။ မြောက်ကိုရီးယား၏ ယင်းဒုံးကျည်စမ်းသပ်ပစ်ခတ်မှုများက တောင်ကိုရီးယားနိုင်ငံအပေါ်၎င်း၏ အမျက်ဒေါသထွက်မှုကို သိသာထင်ရှားစေကြောင်း ယနေ့ဘီဘီစီသတင်းတွင် ဖော်ပြသည်။
မြောက်ကိုရီးယားနိုင်ငံက ယင်းဒုံးကျည်စမ်းသပ်ပစ် ခတ်မှုသည် တောင်ကိုရီးယားနှင့် အမေရိကန်တပ်ဖွဲ့များ ပူးတွဲစစ်ရေးလေ့ကျင့်မှုအား ဆန့်ကျင်ကြောင်းပြသခြင်း ဖြစ်သည်ဟု အကဲခတ်သမားများက ပြောကြားသည်။ မြောက်ကိုရီးယားနိုင်ငံက မတ်လ ၂၃ ရက် နံနက်ပိုင်းတွင် ပင်လယ်ပြင်အတွင်းသို့ တာတိုပစ် ဒုံးကျည် ၁၆ စင်း ပစ်ခတ်ခဲ့ပြီး ယင်းပစ်ခတ်မှုမှာ မတ်လ ၂၂ ရက်က တာတို ပစ်ဒုံးကျည်အစင်း ၃ဝ အား ပစ်ခတ်မှုအပြီး နောက်ဆက် တွဲအဖြစ် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
မြောက်ကိုရီးယားနိုင်ငံမှ ထုတ်ပြန်သောကြေညာချက် တွင်မူ ယင်းဒုံးကျည်စမ်းသပ်ပစ်ခတ်မှုများသည် ၎င်း၏ကိုယ်ပိုင်ကာကွယ်ရေးအစီအစဉ်အရ လုပ်ရိုးလုပ်စဉ်အဖြစ် ဖော်ပြခဲ့သည်။ သို့သော်လည်း အမေရိကန်နှင့်တောင် ကိုရီးယား နှစ်နိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်မှုသည် ¤င်းနိုင်ငံ အပေါ် ကျူးကျော်စစ်ဆင်နွှဲရန် လေ့ကျင့်ခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံက ခါးခါးသီးသီးဝေဖန်ခဲ့သည်။
တောင်ကိုရီးယားနှင့် အမေရိကန် နှစ်နိုင်ငံပူးတွဲ စစ်ရေးလေ့ကျင့်မှုပြုလုပ်မည့်အချိန်တိုင်းနှင့် ချိန်ကိုက်ကာ အထီးကျန်မြောက်ကိုရီးယားနိုင်ငံက ¤င်း၏ကာကွယ်ရေး တပ်ဖွဲ့များ၏ စွမ်းအားကို ထုတ်ဖော်ပြသလေ့ရှိသည်။
မြောက်ကိုရီးယားနိုင်ငံက ယခုလအတွင်း တာတိုပစ် ဒုံးကျည်အစင်း ၇ဝ ခန့်ကို စမ်းသပ်ပစ်ခတ်မှုပြုခဲ့ပြီးဖြစ် ကြောင်း၊ ယင်းတို့အနက် ဒုံးကျည် ၄၆ စင်းမှာ ယခုရက် သတ္တပတ်ကုန်အတွင်း ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း ကျွမ်း ကျင်သူများက ပြောကြားခဲ့သည်။
ယခုနှစ်တွင်ကျင်းပသော တောင်ကိုရီးယားနှင့် အမေရိကန်နှစ်နိုင်ငံ ပုံမှန်ပူးတွဲ စစ်ရေးလေ့ကျင့်စဉ်ကာလ အတွင်း မြောက်ကိုရီးယားတို့ ပစ်လွှတ်ခဲ့သော တာတိုပစ် ဒုံးကျည်အရေအတွက်မှာ ယခင်ကာလများနှင့် နှိုင်းယှဉ်ပါက အမြင့်မားဆုံးဖြစ် ကြောင်း ၎င်းတို့က ပြောကြားသည်။
ဘီဘီစီ

မှတ်ချက်များ