သင်္ကြန်ရက်တွေအတွက် သွန်းသစ္စာဇော်ပြောပြပေးတဲ့ အသားရေထိန်းသိမ်းမှုအကြောင်း

သင်္ကြန်မှာ ရေကစားကြမယ့် ပျိုမေတွေအတွက် မော်ဒယ်သွန်းသစ္စာဇော်က သူမရဲ့ အသားအရေ ထိန်းသိမ်းမှုပုံစံအကြောင်း ခုလို ပြောပြပေးခဲ့ပါတယ်။

‘သင်္ကြန်မှာ အသားအရေ ထိန်းသိမ်းဖို့အတွက် အရေးကြီးဆုံးကတော့ Sun block ပဲ။ တစ်ချို့ကတော့ ရေစိုရင် အရည်ပျော်မှာပဲလို့ ထင်ကြတယ်။ ညီမက SPF များများပါတဲ့ဟာ ကို အပြင်မထွက်ခင် မိနစ်၂၀အလိုမှာ အသားထဲ စိမ့်ဝင်အောင် သေချာလိမ်းတယ်။
မိတ်ကပ်သားကိုတော့ နည်းနည်းထူထူ လိမ်းရတာပေါ့။ Water proof တွေကိုတော့ အဓိက သုံးရတာပေါ့နော်။ ရေစိုမှာဆိုတော့ ရှဲဒိုးက သိပ်သုံးလို့မရဘူးပေါ့။ မျက်ခုံးမွှေးနဲ့ အိုင်းလိုင်နာအတွက် Waterproof သုံးဖြစ်တယ်။ အိမ်ပြန်ရောက်ရောက်ချင်း တစ်နေကုန် နေပူဒဏ်ခံထားရတဲ့ အသားအရေအတွက် သနပ်ခါးတွေ တစ်ကိုယ်လုံး လိမ်းပစ်လိုက်တယ်။ သနပ်ခါးက အသားအေးတော့ သက်သာတယ်။ သင်္ကြန်ပြီးမှပဲ ကိုယ့်ဘာသာကိုယ်Spa လုပ်တာတို့၊ Treatment တို့ လုပ်ရတာပေါ့နော်။ ပရိသတ်ကြီးလည်း မြန်မာ့နှစ်ကူးမှာ မကောင်းတဲ့ အညစ်အကြေးတွေ အားလုံးကုန်စင်ပြီးတော့ စိတ်သစ်လူသစ်နဲ့ ဘဝအသစ်ကို တက်လှမ်းနိုင်ကြပါစေ။’လို့လည်း သူမက ဆုတောင်းပေးလိုက်ပါတယ်။

မှတ်ချက်များ