3D Street Art ကို စတင်ဖန်တီးခဲ့သူ Kurt Wenner

အမေရိကန်နိုင်ငံ၊ မီချီဂန်ပြည်နယ်သား ဖြစ်တဲ့ Kurt Wenner ဟာ အခုကမ္ဘာတစ်လွှားခေတ်စားနေတဲ့ သုံးဘက်မြင်ရုပ်လုံးကြွ Street Art ကို ဖန်တီးခဲ့သူပါ။


RhodeIslandအနုပညာကျောင်းဆင်း ဖြစ်တဲ့Kurt Wennerဟာ NASA(နာဆာ)မှာ သရုပ်ဖော်ပန်းချီရေးဆရာအဖြစ် အသက်မွေး ခဲ့ပြီး အနာဂတ်အာကာသပရောဂျက်တွေအတွက် အယူအဆ ဆန်းသစ်တဲ့ ပန်းချီတွေ ရေးဆွဲပေးခဲ့သူ ပါ။တခြားဂြိုလ်ကမ္ဘာ ရဲ့ မြေမျက်နှာအနေအထားတွေကိုလည်း စိတ်ကူးစိတ်သန်း နဲ့ ပုံဖော်ရေးဆွဲ ပေးခဲ့သူဖြစ်တယ်လို့ သိရပါတယ်။

၁၉၈၂ ခုနှစ်မှာ သူဟာ နာဆာကနေ ထွက်လိုက်ပြီး သူပိုင်ဆိုင် သမျှကို ရောင်းချကာ အီတလီကို ပြောင်းရွှေ ခဲ့ ပါတယ်။ အီတ လီနိုင်ငံ၊ ရောမမြို့ မှာ နေထိုင်ရင်း ၁၅ရာစု ဥရောပအနုပညာ ကို လေ့လာခဲ့ပါတယ်။

၁၉၈၄ ခုနှစ်မှာ Wenner ဟာ သူ့ ကိုယ်ပိုင် အနုပညာအမျိုးအ စားတစ်ခုကို စတင်တီထွင်ရေးဆွဲခဲ့ပြီး ပန်းချီပညာရှင်တွေက ပုံရိပ်ယောင်ပန်းချီ လို့ အမည်သတ်မှတ်ခဲ့ကြပါ တယ်။ သူ့ ရဲ့ ထူးခြားတဲ့ အမြင်ရှုထောင့် ပိုင်းဆိုင်ရာအယူအဆတွေနဲ့ အရောင်ရောစပ်မှု၊အယူအဆတွေက ထူးခြားဆန်းသစ် ခဲ့ကာ နောက်တစ်ချိန်မှာ ခေတ်စားလာမယ့် 3D Street Art ကို စတင်တီထွင်နိုင်ခဲ့ပါ တယ်။






မှတ်ချက်များ