‘ညီမ အခု လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ဘာမှသိပ်မလုပ်ဖြစ်ဘူး။ ပြီးတော့ သင်္ကြန်အတွက်လည်း သိပ်မသေချာသေးဘူး။ ခရီးထွက်ဖြစ်ရင်လည်း ထွက်ဖြစ်မယ်။ မဏ္ဍပ်ထိုင်ဖြစ်ရင်လည်း ထိုင်ဖြစ်မယ်။ သေချာပြောလို့တော့ မရသေးပါဘူး။ အရင်နှစ် သင်္ကြန်တွေ တုန်းကဆိုရင် ညီမက ခရစ်ယာန် ဖြစ်တဲ့အတွက် ကန့်ပဲ အမြဲတမ်းဝင်ဖြစ်တာများပါတယ်။ သင်္ကြန်နဲ့ ပတ်သက်ပြီး စိတ်ခံစားချက် ပြောရမယ် ဆိုရင်တော့ လူတစ်ယောက်နဲ့ တစ်ယောက်က စိတ်ခံစားချက်ကတော့ ဘယ်တူနိုင်မလဲနော်။ တစ်ယောက်တစ်မျိုးစီပေါ့။ညီမအတွက်ကတော့ သင်္ကြန်ဆိုတာ မြန်မာနှစ်သစ်ကူး ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ပုံမှန်ပါပဲ။ ပျော်တော့ပျော်ပါတယ်။ တအားကြီးတော့ မဟုတ်ဘူးပေါ့။ သင်္ကြန်မှာ ရေပက်ခံတော့ မထွက်ဖြစ်ဘူး။ ဒါပေမဲ့ မဏ္ဍပ်တော့ ထိုင်ဖူးပါတယ်။ မဏ္ဍပ်ထိုင်ရတာလည်း နေအရမ်းပူတယ်လို့ ခံစားရတယ်။ ပြီးတော့ နေပူပူထဲမှာ ရေပက် နေရတယ်ပေါ့။ သင်္ကြန်မှာဖြတ်သန်းကြမယ့် ပရိသတ်ကြီးအားလုံးပဲ ပျော်သာပျော်။ ဒါပေမဲ့ ကိုယ့်ကိုကိုယ် မပျက်စီးစေပါနဲ့။ ကိုယ့်ကိုကိုယ်ဂရုစိုက်ြပီးနေထိုင်၊ သွားလာ၊ ပျော်ကြပါ’လို့ သူက ဆိုပါတယ်။
မှတ်ချက်များ