အမြင်အာရုံ ချို့တဲ့သူများအတွက် Galaxy Core Advance စမတ်ဖုန်း cover





Samsung သည်မသန်စွမ်းနှင့် အမြင်အာရုံချို့တဲ့ သူများကိုအထောက်အကူ ရစေရန်ပြုလုပ်ထားသည့် ultrasonic စမတ်ဖုန်း cover ကို ဖြန့်ချိခဲ့ပြီး ၎င်းသည် ၆ ပေခန့်အကွာရှိ  အရာဝတ္ထုနှင့် လူကိုဖော်ပြပေးနိုင်ကြောင်းသိရသည်။ Samsung သည်ပြီးခဲ့သည့် ရက်အနည်းငယ်က ၎င်း၏ Galaxy Core Advance အတွက်ဆက်စပ် ပစ္စည်းများကိုဝယ်ယူ ရရှိနိုင်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။   Ultrasonic cover သည် စမတ်ဖုန်း၏ ထိပ်ဖျားအံဝင်ခွင်ကျဖြစ်ပြီး မရင်းနှီးသည့်နေရာများ သို့မဟုတ် ဧရိယာတစ်ဝိုက်အတွင်း သွားလာရာတွင် သုံးစွဲသူများ အရာဝတ္ထုများအား ခြေရာခံနိုင်ရန် ဖြစ်သည်။ ထိုသို့သွားလာရာတွင် အတားအဆီးများရှိပါက ၎င်း cover သည် တုန်ခါလာမည်ဖြစ်သည်။ အဆိုပါ cover သည် ၂ မီတာအကွာ အဝေးရှိ အရာဝတ္ထုများကို ပစ်မှတ်ထားနိုင်ကြောင်း အထူးသဖြင့် အမြင်အာရုံချို့တဲ့ နေသူများအတွက်ဖြစ်ကြောင်း Samsung ကပြောကြားခဲ့သည်။  

စိုးထက် | CNET 

မှတ်ချက်များ