ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ သာဝီဝပ်တနာခရိုင် Aksaလမ်းတစ်လျှောက်၌ အာဏာရှင် ဆန့်ကျင်ရေး စည်းလုံးညီညွတ်သော အမျိုးသား ဒီမိုကရေစီတပ်ဦး (UDD)ရှပ်နီအဖွဲ့၏ဧပြီ ၅ ရက်အကြီးစား စုဝေးဆန္ဒပြမှု နေရာသို့ ရှပ်နီတစ်သိန်းကျော် လာရောက် ပူးပေါင်းစုရုံး ဆန္ဒပြခဲ့ကြောင်းနှင့် ယင်းစုဝေး ဆန္ဒပြမှုကို ဧပြီ ၇ ရက်အထိ ပြုလုပ်သွား မည်ဖြစ်ကြောင်း UDD ဥက္ကဋ္ဌ ဂျာတူပွန်ပရွမ်ပန် က ပြောကြားခဲ့သည်။
အဆိုပါ စုဝေးဆန္ဒပြမှုများသည် အမှန်တကယ် စုဝေးဆန္ဒပြရေးအတွက် အကြို ဆောင်ရွက်မှုသာ ဖြစ်ပြီး အမှန်တကယ်စုဝေး ဆန္ဒပြမှုကို Songkran ပွဲတော်ပြီးမှသာ စတင်ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ PDRC အဖွဲ့နှင့် တရားရုံးများသည် ရွေးကောက်ပွဲပြု လုပ်ခြင်းမရှိဘဲ အာဏာလွှဲယူရန်ကြိုးပမ်း ဆောင် ရွက်နေကြောင်း၊ ဒီမိုကရေစီ နည်းလမ်း နှင့်ကိုက်ညီမှု မရှိပါက မိမိတို့အနေဖြင့် တိုက်ခိုက်သွား မည် ဖြစ်ကြောင်း၊ အစိုးရ အတိုက်အခံ ဆန္ဒပြသမားများနှင့် ထိပ်တိုက် ရင်ဆိုင်မှုများ ပြုလုပ်သွားမည် မဟုတ်ကြောင်း၊ ယခုစုဝေး ဆန္ဒပြမှုသည် တရားရုံးများက ယာယီဝန်ကြီးချုပ် ရင်လပ်အား ရာထူးဖယ် ရှားခြင်းကို လက်သင့်ခံမည် မဟုတ်ကြောင်း သတိပေးရန်ဖြစ်ပြီး မိမိတို့၏ အင်အားကို ပြ သခြင်း ဖြစ်ကြောင်း ဂျာတူပွန်က ထပ်လောင်း ပြောကြားခဲ့သည်။ တစ်ပြိုင်တည်းမှာပင် ဆူသက်သောင် ဆူဘန် ဦးစီးအစိုးရ အတိုက်အခံ ဆန္ဒပြသမားများကလည်း လုမ္ဗိနီဥယျာဉ်၏ အရှေ့ဘက် ၂ဝ ကီလိုမီတာ ခန့် အကွာတွင် ဆန္ဒပြလျက်ရှိကြောင်း သိရသည်။
Myanmar Last News
ပင်မ
/
ဗန်ကောက်မြို့ Aksa လမ်းတစ်လျှောက် ရှပ်နီအဖွဲ့၏ အကြီးစားစုဝေး ဆန္ဒပြနေရာသို့ ရှပ်နီအဖွဲ့ဝင် တစ်သိန်းကျော် လာရောက်ပူးပေါင်း ဆန္ဒပြ

မှတ်ချက်များ