အသက် ၂၇ နှစ်အရွယ် အင်္ဂလန်နိုင်ငံသူ Hazel Jones ဟာ အမျိုးသမီး အင်္ဂါနှစ်ခု ၊ သားအိမ် နှစ်ခု ၊ သားအိမ်ပြွန် နှစ်ခု ပါရှိပါတယ်။
လက်ရှိအချိန်မှာ Jonesဟာ ITVရဲ့ ရုပ်မြင်သံကြား အစီအစဉ်မှာ သူ့ရဲ့အပျိုရည် နှစ်ခါပျက်ခြင်း အကြောင်း နဲ့ ပတ်သက်ပြီး ဆွေးနွေးနေပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး သူ့မိတ်ဆွေတွေကိုအားလုံး ကို ပြောပြပါသေးတယ်လို့ Jones က ITV အစီအ စဉ် ကြေငြာသူ Willoughby နဲ့ Phillip Schofield ကိုပြောပြပါတယ်။
ကျွန်မထင်တာကတော့ ဒါဟာ အရမ်းအံ့သြ ဖွယ်ကောင်းပြီး ကြားရတဲ့သူတွေကိုဆွံ့အ စေတယ်လို့ Jonesက ဆက်လက် ပြီး ပြောပြသွား ပါတယ်။
ထို့နောက် Jones က ဒါကိုကြည့်ချင်တဲ့ မည်သည့် အမျိုးသမီးကိုမဆို ပြသဖို့ ၀န်လေးမှာမဟုတ်သလို နည်းနည်းလေးမှတောင် ရှက်မိမှာ မဟုတ်ဘူးလို့ ပြောသွားခဲ့ပါတယ်။
ဒီ ထူးဆန်းအံသြဖွယ်ကောင်းတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး သူမ ၁၈ နှစ်အရွယ်အထိ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးခဲ့သေးတယ်လို့ ပြောပြခဲ့ပါတယ်။
သူ့ကျောင်းနေဖက် သူငယ်ချင်းမိန်းကလေးတွေကို အမျိုးသမီး လစဉ်သုံးပစ္စည်း အတွက် ဘယ်….တစ်ခုကို (ဘယ်တစ်ခုကနေ လာနိုင်သလဲ) ဆိုတာကို မေးကြည့်ခဲ့သေးတယ်လို့ ပြောပြခဲ့ပါတယ်။ တစ်ကယ်တမ်းကျတော့ စိတ်ကသိကအောက် ဖြစ်စရာအခြေအနေနဲ့ ကြုံတွေ့ခဲ့ရပါတယ်လို့ Jones က ပြောဆိုခဲ့ပါတယ်။
ကျွန်မရဲ့ဘ၀မှာ ထိတ်လန့်စရာ ကြွက်တက်ခြင်း အဖြစ်တွေကို ဆိုးရွားစွာ ကြုံတွေ့ခဲ့ရတယ်လို့ သူမက ဆက်လက်ပြောသွားခဲ့ပါတယ်။ဒါဟာ ခံထိုက်လို့ ခံရတာပဲလို့ သူမကပြောခဲ့ပါတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ သူမမှာ သားအိမ်က နှစ်ခုရှိတာကိုး လို့ ပြောခဲ့ပါတယ်။
ဒါဆိုရင် ကျွန်မ ကိုယ်ဝန်ဆောင်တဲ့အချိန် အခြားသားအိမ်တစ်ခုမှာ သန္ဓေမတည်မိအောင် ဆင်ခြင်ဖို့ ဗဟုသုတ တစ်ခု ရခဲ့ပါတယ်။
သူမ အဲဒီလို အမျိုးသမီး အင်္ဂါ နှစ်ခုပါတာကို လူတွေသိပြီး သိပ်မကြာခင် ပုရိသအကြိုက် မဂ္ဂဇင်း Vivid Entertainment ကနေပြီးတော့ ရုပ်ရှင်ရိုက်ဖို့ ဒေါ်လာ ၁ သန်းပေးပြီး ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့် အဲဒါကို သူမ ငြင်းဆန်ခဲ့ပါတယ်။
Myawady News

မှတ်ချက်များ