Avril Lavigne ရဲ့ ဗုဒ္ဒဟူးနေ့ကထွက်တဲ့ Hello Kitty သီချင်းရဲ့ ဂီတဗီဒီယိုဟာ လူမျိုးရေးခွဲခြားမှုတစ်ခုအဖြစ်ဝေဖန်ခံရမှုများ ကြုံတွေ့ခဲ့ရတာဖြစ်ပေမယ့် ဂျပန်အာဏာပိုင်အဖွဲ့အစည်းတွေ ဘက်ကတော့ အရေးပါတဲ့ထောက်ခံမှုတစ်ခုပြုလုပ်လိုက်ပါပြီ။
ဒီဗီဒီယိုမှာ ဂျပန်ကချေသည်တွေပါဝင်ခဲ့တာဖြစ်ပြီး Avril တစ်ယောက် လူမျိုးရေးခွဲခြားမှုတွေနဲ့ စွပ်စွဲခံခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် Washington, D.C မြို့မှာရှိတဲ့ ဂျပန်သံရုံးရဲ့ပြောရေး ဆိုခွင့်ရှိသူကတော့ အဲဒီ့မှာ (ဂျပန်မှာ) ရှိတဲ့လူထုက ဒီဗီဒီယိုမှာ ဘာမှမှားယွင်းတာမရှိဘူးလို့ ယူဆပြီး ဒါဟာ တကယ်တော့ ဂျပန်ယဉ်ကျေးမှုကိုမြှင့်တင်ပေးတာဖြစ်ပါတယ်လို့ ပြောကြားလိုက်ပါတယ်။
ကနေဒီယန်အဆိုတော်မလေးဟာ ဒီဗီဒီယိုကိုဖန်တီးစဉ်က ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေရှိတယ်လို့ TMZ.com ကိုပြောပါတယ်။
အဲဒီ့ပြောရေးဆိုခွင့်ရှိသူက ‘ဒီဗီဒီယိုအကြောင်းပြောကြတာဟာ ဂျပန်ရဲ့လှပပြီး ကြွယ်ဝတဲ့ ယဉ်ကျေးမှုကို လူတွေပိုမိုသိရှိစေတယ်’ လို့လဲပြောကြားသွားပါတယ်။
Jack the Ripper | Trend Myanmar
ပင်မ
/
Avril Lavigne ရဲ့ Hello Kitty ဂီတဗီဒီယိုဟာ လူမျိုးရေးခွဲခြားမှုမဟုတ်ကြောင်း ဂျပန်သံရုံးကပြောကြား

မှတ်ချက်များ