ဒီနှစ်သင်္ကြန် မဏ္ဍပ်စီစဉ်သူဖြစ်နေတာကြောင့် အရာရာကို စိတ်ပူနေရတယ်လို့ပြောတဲ့ မြနှင်းရည်လွင်

၂၀၁၄ ဒီဇင်ဘာလမှာ ချစ်သူနဲ့ရွှေလက်တွဲတော့မယ်လို့သိရတဲ့ မြနှင်းရည်လွင်ကို သင်္ကြန်နဲ့ပတ်သတ်တဲ့ စိတ်ခံစားချက်အချို့ကို မေးမြန်းဖြစ်ခဲ့တာက ဒီနှစ်သင်္ကြန်ကတော့ မြနှင်း စိတ်ရောလူရော အရမ်းပင်ပန်းပါတယ်။

ဒါပေမဲ့ သင်္ကြန်ရောက်တော့မယ်ဆိုတဲ့ အသိအပျော်လေးတွေနဲ့ပဲ ဒီနှစ်သင်္ကြန်ကို ဖြတ်သန်းရမယ်ဆိုတော့ စိတ်တော့လှုပ်ရှားနေ ပါတယ်။

သင်္ကြန်ဖက်ရှင်အနေနဲ့ကတော့ ဒီနှစ်က အစိမ်းရောင်ကလွဲလို့ မြနှင်း အကုန်ဝတ်တယ်။ အရောင်လွင်လွင်လေးတွေနဲ့ ပေါ့။ အတိုလဲဖြစ် ချင်ဖြစ်မယ်။ stocking လဲ ခံဖြစ်ရင်ဖြစ်မယ်။ မနှစ်ကတော့ သိပ်မပင်ပန်းဘူး။

ဒီနှစ်ကတော့ 14 Club သင်္ကြန်မဏ္ဍပ်စလုပ်ကတည်းက  စိတ်ရော လူရော ပင်ပန်းတယ်။ မဏ္ဍပ်လုပ်တယ်ဆိုတာ သိတဲ့အတိုင်း ရန်ဖြစ်မှာ ဘာညာစိတ်ပူရ နဲ့ဆိုတော့လေ မနှစ်ကတော့ ပင်ပင်ပန်းပန်းမရှိဘူး။ ဒီနှစ်ကတော့ ပင်ပင်ပန်းပန်းရှိတယ်။ မြနှင်းတို့မဏ္ဍပ်မှာ ကောင်း ပြည့်ရှိမယ်။ တခြားသော မော်ဒယ်လ်တွေလဲရှိမယ်။ လူတွေက အတိအကျ မသိရသေးလို့လေ။

မနှစ်ကတော့ မြနှင်းတစ်ယောက်တည်း ကဲဖြစ်တယ်။ ဒီနှစ်ကတော့ ကိုယ့်ချစ်သူနဲ့ဆိုတော့ ပျော်လဲပျော် တယ်။ မဏ္ဍပ်အတွက် ပူလဲပူတယ်။ ကိုယ်က စီစဉ်သူဆိုတော့လေ အစစအရာရာ အဆင်မပြေမှာကို စိုးရိမ်နေမိတယ်။ သင်္ကြန်မြန်မြန် ရောက်မှပဲ မြနှင်းလဲ စိတ်နည်းနည်းသက်သာမယ်။

မြနှင်းသင်္ကြန်ပြီးရင်တော့ ပိုးထည်ဆိုင်တစ်ခုတွက် ရိုက်ပေးဖို့ရှိတယ်။ လာမဲ့ ၁၁ရက်နေ့ကျရင် ကိုကာ ကိုလာကလုပ်တဲ့ MRTV 4 ပရိုဂရမ်တစ်ခု ရိုက်ပေးဖို့ရှိတယ်။ ပြီးတော့ခု လာမဲ့ဒီဇင်ဘာ မှာ မြနှင်း တို့မင်္ဂလာပွဲ ကျင်းပဖို့ရှိပါတယ်’ လို့ သူမက ပြောပြခဲ့ပါတယ်။

ခင်ဆွေသက် | Trend Myanmar

မှတ်ချက်များ