တစ်ချိန်က စည်သူလွင်မှ စည်သူလွင်ဆိုပြီး ပရိသတ် အားပေးမှုကို ရရှိခဲ့တဲ့ အဆိုတော် စည်သူလွင်ဟာ မကြာခင်ထွက်ရှိတော့မယ် ၁၉:၁၈ အခွေအတွက် ပရိသတ်အားပေးမှုကို မျှော်လင့်နေ ပါတယ်။
သူနဲ့တွေ့တုန်း သင်္ကြန်ဘယ်မှာ ရှိမလဲ မေးကြည့် လိုက်တော့ ‘ဒီနှစ်သင်္ကြန်က ကိုညီထွဋ်တို့နဲ့ မြိုင်ဟေ၀န်ပန်းခြံမှာရှိပါမယ်။ နယ်ကတော့ ငွေဆောင်သွားဖို့ရှိတယ်။
ပရိသတ်ကြီးကိုတော့ ကျွန်တော်က အခွေထွက်တာ အရမ်းကျဲတယ်။ အခုနောက်ပိုင်းတော့ ပုံမှန်ထွက်နိုင်အောင်ကြိုးစားနေပါတယ်။ လတ်တလော သင်္ကြန်အပြီးမှာ ကျွန်တော့ One Man Show ရှိုးလုပ်ဖို့စီစဉ်ထားပါတယ်။ မေလ လဆန်းလောက်ဖြစ်မယ်။ နေရာက အမျိုးသားဇာတ်ရုံမှပါ။ ရက်အတိအကျကိုတော့ စာနယ်ဇင်းပွဲလေးလုပ်ပြီး အသိပေးပါမယ်’ လို့ သူက ပြောပြပေးခဲ့ပါတယ်။
ခင်ဆွေသက် | Trend Myanmar

မှတ်ချက်များ